Your cart is currently empty!
အခုအခါမှာတော့ ကမ္ဘာတစ်ဝမ်းမှာ မွေးရာပါ မသန်းစွမ်းသူများအတွက် စက်ရုပ်ခြေထောက်တုတွေကိုသုံးပြီး လမ်းလျှောက်နိုင်အောင်လုပ်ပေးတော့မှာဖြစ်ပါတယ်။ အဲဒီ ဝတ်စုံကို တောင်ကိုရီးယားမှ KAIST’s Exoskeleton Laboratory က တီထွင်ထားတာ ဖြစ်ပြီး WalkON Suit F1 လို့ နာမည်ပေးထားပါတယ်။
အောက်ပိုင်းသေနေသူ Kim Seung-hwan ဟာ အဲဒီ ဝတ်စုံကို ဝတ်ဆင်ပြီး နည်းပညာ အကူအညီနဲ့ မသန်စွမ်းသူတွေ ယှဉ်ပြိုင်ကြတဲ့ Cybathlon 2024 မှာ ရွှေတံဆပ်ဆု ရခဲ့ပါတယ်။ AI နည်းပညာနဲ့ ခြေထောက်တုမှာ Camera တွေနဲ့ လမ်းလျှောက်ရင် ထိခိုက်မယ့်အရာတွေကိုပါကြိုတင်တွက်ချက်ပြီး အသိပေးမယ့်အပြင် စက်ရုပ်အားကိုးကြီးမဟုတ်ပဲ လူကနေတစ်ဆင့်လည်း လိုအပ်သလို ထိန်းချုပ်မှုတွေလုပ်နိုင်တယ်လို့ သိရပါတယ်။
#myangoal #tech







Leave a Reply
You must be logged in to post a comment.