Your cart is currently empty!
Chilgapsan Ice Fountain Festival ကတော့ ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီပွဲတော်တွေကြာမှာ လူသိနည်းပေမယ့် ရေခဲရေပန်းကြောင့် ထူးခြား ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဆိုးလ်မြို့ကနေလဲ နေ့ချင်းပြန်ခရီးစဉ်အဖြစ် မြန်မြန် သွာလို့ရမယ့် နေရာလဲ ဖြစ်ပါတယ်။
ဒီပွဲတော်ကို နာမည်ပေးထားတဲ့အတိုင်း ရေခဲရေပန်း၊ ရေခဲတံတိုင်းတွေနဲ့ ရေခဲပန်းပုတွေကို အဓိကတွေ့မြင်ရမှာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့ဘက်မှာ စွဲမက်ဖွယ်ကောင်းတဲ့အပြင် နေဝင်တဲ့အခါမှာ မီးတွေဖွင့်လိုက်တာနဲ့ ပိုပြီးထူးခြားတဲ့ ရှုခင်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ရေခဲရေပန်းတွေအပြင် သေချာပြုလုပ် ဖန်တီးထားတဲ့ ရေခဲပန်းပုရုပ်တုတွေ (ကိုရီးယားကာတွန်းတွေ၊ Disney နဲ့ Pokemon ဇာတ်ကောင်တွေ)၊ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်ပုံတွေနဲ့ ပြုလုပ်ထားပါသေးတယ်။ ဒါ့အပြင် နာမည်ကျော် ကိုရီးယားလိပ်လှေ၊ Gwanghwamun ဂိတ်တို့ကိုလဲ ရေခဲပန်းပု ရုပ်တုအဖြစ် ပြုလုပ်ထားပါတယ်။
ရေခဲဂူတွေ၊ Igloos (Eskimo အိမ်) နဲ့ မီးအလှဆင်ထားတွေကိုလဲ ကြည့်ရှုခဲ့သင့်ပါတယ်။ ဒီပွဲတော်မှာ ရေခဲဂူအိမ် အဆောက်အအုံများစွာရှိပြီး ရေခဲရေပန်းတို့လိုဘဲ နေဝင်တဲ့အခါ မှောင်နေချိန်မှာ မီးအလှဆင်ထားတာတွေကြောင့် ကြည့်ရှုလို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
ဆောင်းရာသီ အားကစားပွဲတွေ အများကြီးရှိတဲ့အပြင် ဒီပွဲတော်ဟာ ကိုရီးယားမှာ နှင်းတွေကျတာ ကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပြီး နှင်းမကျရင်လဲ နှင်းကျအောင် ပြုလုပ်ပေးတဲ့စက်တွေလဲ အများကြီးရှိပါတယ်။ ရေခဲလျှောစီးခြင်းအပြင် ရေခဲငါးဖမ်းခြင်း၊ လက်ဗလာငါးဖမ်းခြင်း ၊ စွတ်ဖာလှည်းစီးခြင်း တို့လိုမျိုး winter activities တွေကို စမ်းကြည့်နိုင်ပါသေးတယ်။ ရေခဲငါးဖမ်းတာကလဲ Hwacheon Sancheoneo Ice Festival လိုမျိုး ငါးဖမ်းပွဲတော်မျိုး မဟုတ်ပေမယ့်လည်း စမ်းလုပ်ကြည့်ဖို့ ပျော်စရာကောင်းပါတယ်။
Chilgapsan ဆောင်းရာသီပွဲတော်မှာ ကလေးတွေအတွက် ကစားနည်းမျိုးစုံရှိပြီး စွတ်ဖားနဲ့ စကိတ်စီးတာတွေအပြင် ကလေးတွေအနေနဲ့ မြင်းစီးကြည့်လို့ ရပါသေးတယ်။
ကျင်းပမယ့်အချိန် – January 11, 2025
နေရာ – (Alps Village) 223-35 Cheonjangho-gil, Cheongyang-gun, Chungcheongnam-do
충청남도 청양군 정산면 천장호길 223-35
#festival #winter #thingstodo #myanmar #korea #MyanGoal







Leave a Reply
You must be logged in to post a comment.