iPhone Duo ဟာ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်လာပြီး Duo FaceTime အပြင် နောက်ပိုင်းမှာ Apple Pencil Support ပါ ပါဝင်လာတော့မှာ ဖြစ်ပေမဲ့ iPhone 18 Pro နဲ့ iPhone 18 Pro Max တွေမှာပါတဲ့ တချို့ Feature တွေတော့ နည်းနေတာတွေ့ရပါတယ်။
iPhone Duo မှာ မပါလာတဲ့ Feature ၁၀ ခုကတော့ –
8x Optical Zoom ပါတဲ့ Dedicated Telephoto Camera: iPhone Duo ရဲ့ Main 48-megapixel Fusion Camera မှာတော့ Optical-quality 2x Zoom ပဲ ပါဝင်ပါတယ်။
Variable Aperture: Main 48-megapixel Fusion Camera မှာ ပြောင်းလဲလို့ရတဲ့ Aperture စနစ် မပါတာကြောင့် Photos နဲ့ Videos ရိုက်တဲ့အခါ Depth of Field ကို စိတ်ကြိုက် ထိန်းချုပ်ဖို့ အကန့်အသတ် ရှိသွားပါတယ်။
18-megapixel Center Stage Front Camera: iPhone Duo ရဲ့ Front Camera ကတော့ 12-megapixel ပဲ ရှိပါတယ်။
Action Button: မပါဝင်ပါဘူး။
Face ID: Face ID အစား iPhone Duo မှာ Touch ID Button ကိုပဲ သုံးပေးထားပါတယ်။
LiDAR Scanner: AR သုံးဖို့နဲ့ Depth တိုင်းတာပေးတဲ့ Scanner မပါဝင်ပါဘူး။
တခြား Camera Feature တွေ: Camera App ထဲက Pro Controls၊ ProRAW၊ ProRes RAW နဲ့ Spatial Photos & Videos ရိုက်ကူးနိုင်တဲ့ Feature တွေ ပါဝင်မလာပါဘူး။






