Your cart is currently empty!
Google နဲ့ ပေါင်းစပ်အလုပ်လုပ်မယ့် Galaxy AI
Apple က ChatGPT နဲ့ ပေါင်းသလို Samsung ကလည်း အားကျမခံ သူ့ Ai ကို စွမ်းဆောင်ရည်အမြင့်ဆုံးလို့ဆိုတဲ့ Google Gemini နဲ့ ပေါင်းပြီး အလုပ်လုပ်မှာဖြစ်ပါတယ်။
Power ခလုတ်ကို ဖိထားရင် Gemini AI ကို ခေါ်လို့ရတယ်။ Natural Language နဲ့ပြောလို့ရမယ်၊ personal assistant တစ်ယောက်လိုမျိုးသုံးလို့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် မတူညီတဲ့လုပ်ဆောင်ချက်တွေကို မတူတဲ့ app တွေမှာတစ်ခါတည်းခိုင်းလို့ရမယ်။ ဥပမာ – map ထဲမှာ အနီးဆုံး coffee shop ကိုရှာပြီး ဘယ်သူ့ကို message ပို့ပေးပါ ဆိုတာမျိုးတွေအထိ တစ်ဆက်တည်းခိုင်းလို့ရတာမျိုးပါ။ နောက်ပြီး Gemini AI Advanced ကို ၆ လအခမဲ့သုံးလို့ရမယ်။
တော်တော်လေးအသုံးဝင်တဲ့ Advance Feature တွေရယ် အမိုက်စား AI တွေကို စက်နဲ့ပေါင်းစပ်အလုပ်လုပ်မှာဖြစ်တဲ့အတွက် Samsung Galaxy S25 Series တွေကတော့ AI နဲ့တင် လက်ရှိ Flagship လောကမှာ အပြတ်အသက်အနိုင်ယူနေပါပြီ။
Leave a Reply
You must be logged in to post a comment.