Things to do in Winter (Outdoor Activities)

ဆောင်းရာသီရောက်ရင် ကိုရီးယားနိုင်ငံဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေနဲ့အတူ ထူးခြားတဲ့ သဘာဝအလှတွေရယ် စိတ်လှုပ်ရှားဖွယ် activities တွေပါ ရှိပါတယ်။ နှင်းတွေဖုံးနေတဲ့ တောင်တွေကနေ ပွဲလမ်းသဘင်တွေရှိတဲ့ မြို့တော်လမ်းတွေအထိ၊ ရာသီက သာယာအေးချမ်းမှုနဲ့ စွမ်းအင်မြင့်မားတဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ Korea ရဲ့ ဆောင်းရာသီမှာ အမှန်တကယ် စိတ်လှုပ်ရှားဖွယ် outdoor activites တွေ လုပ်ကြည့်ချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။

Things to do in Winter (Outdoor Activities)
1. Cheong Seong ရေခဲတောင်ကြားမှာ ရေခဲပြင်လျှောစီးခြင်း။
နှင်းတွေဖုံးနေတဲ့ Cheong Seong တောင်ကုန်းပေါ်မှာ ကျင်းပတဲ့ သာမန်နှင်းလျှောစီးတာတွေနဲ့ မတူပဲ အထူးပြင်ဆင်ထားတဲ့ ရေခဲလမ်းကြောင်းတစ်ခုကိုလဲ ရေခဲလျှောစီးဖို့ ပြုလုပ်ထားပေးပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့ နှင်းလျှောစီးလမ်းပေါ်မှာ စွတ်ဖားနဲ့ လျှောဆင်းပြီး ကိုရီးယားက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဆောင်းရာသီ activity တစ်ခုကို ပြုလုပ်နိုင်မှာ ဖြစ်ပါ့တယ်။

ဒါကြောင့် ကိုရီးယားမှာ ဆောင်းတွင်းမှာ အမိုက်စား activity ကို အပြည့်အဝခံစားနိုင်ဖို့ Gyeongsangbuk-do ပြည်နယ်မှာရှိတဲ့ Cheongseong Ice Valley ကို သွားရောက်လည်ပတ်ဖို့ အကြံပြုပါတယ်။ ရေခဲလျှောစီးတာတွေအပြင် ဒီဧရိယာတဝိုက်မှာ အံ့သြဖွယ်ကောင်းတဲ့ လူလုပ်ရေခဲရေတံခွန်တစ်ခု ရှိပါတယ်။ ဒီနေရာက ရေခဲနံရံတွေဟာ မြင့်မားပြီး ခမ်းနားတာကြောင့် လှပတဲ့ ရှုခင်းတွေနဲ့အတူ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ အနားယူချင်ရင်လဲ အပန်းဖြေအနားယူလို့ရတဲ့ ကော်ဖီဆိုင်လည်း ရှိပါတယ်။

လိပ်စာ- 228 Palgaksan-ro, Juwangsan Myeon, Cheongsong Gun, Gyeongbuk-do (경북 청송군 주왕산면 팔각산로 228)

2. Jecheon Forest Resom Have9 က outdoor ရေပူစမ်း
နောက်ထပ်အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ outdoor ရေပူစမ်းတွေ သွားတာဖြစ်ပါတယ်။ ဆောင်းရာသီမှာ ရေပူစမ်းတွေ သွားတာဟာ ဇိမ်ကျတဲ့အပြင် နုပျိုလန်းဆန်မှုကိုလဲ ရရှိနိုင်ပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုးကိုလည်း ပေးစွမ်းတာကြောင့် အသက်အရွယ်မရွေး ပြုလုပ်နိုင်ပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာ၊ ကြွက်သားတင်းမာမှုကို သက်သာစေတာတွေအပြင် အရေပြားကိုလဲ အားဖြည့်ပေးပြီး ကိုယ်ခံအားစနစ်ကိုလဲ မြှင့်တင်ပေးပါတယ်။

အပန်းဖြေအနားယူရင်းနဲ့ ညနေခင်းမှာ ကြယ်တွေဖုံးနေတဲ့ နှင်းဖုံးတောင်တန်းတွေလိုမျိုး သဘာဝရှုခင်းတွေကိုလဲ ခံစားနိုင်မှာပါ။ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နုပျိုမှု၊ စိတ်အပန်းဖြေမှုတွေကို သဘာဝနဲ့ တစ်ဆက်တည်း ခံစားနိုင်မယ့် နည်းလမ်းလဲ ဖြစ်ပါတယ်။

ကိုရီးယားမှာ ရေပူစမ်း နေရာတွေ အမျိုးမျိုးရှိပေမယ့်လည်း Chungcheongbuk-do ပြည်နယ်မှာရှိတဲ့ Jecheon Forest Resom Have9 ကို သွားကြည့်ဖို့ အကြံပြုပါ။ ဒီအပန်းဖြေစခန်းဟာ ရှုပ်ထွေးလွန်းတဲ့ မြို့ပြကနေ သဘာဝအလှကို ခံစားချင်ကြသူတွေအတွက် Sobaeksan တောင်၊ ပတ်ဝန်းကျင်သစ်တောတွေနဲ့အတူ စိတ်အပန်းဖြေဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် infinity outdoor pool ရှိတဲ့အပြင် ဆောင်းရာသီ တောင်တက်ဖို့အတွက် သဘာဝလျှောက်လမ်းတွေလဲ ရှိပါတယ်။

လိပ်စာ- 365 Geumbong-ro၊ Jecheon-si၊ Chungcheongbuk-do (충청북도 제천시 백운면 금봉로 365)

3. Hwacheon Sancheoneo မှာ ရေခဲငါးဖမ်းခြင်း။
ရေခဲငါးဖမ်းတာကတော့ ရေကန် ဒါမှမဟုတ် မြစ်တွေ ရေခဲနေတဲ့အချိန် ‌ရေခဲနေတဲ့မျက်နှာပြင်ပေါ်ကို အပေါက်ဖောက်ပြီး ငါးဖမ်းတဲ့ ဆောင်းတွင်းလှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားလို တအားအေးပြီး ရေခဲတတ်တဲ့ ဒေသတွေမှာပဲ ရေခဲငါးဖမ်းတာကို ခံစားနိုင်တာကြောင့် ဒီ activity ကိုလဲ လက်လွှတ်မခံသင့်ပါဘူး။

Hwacheon Sancheoneo ရေခဲပွဲတော်ကိုတော့ Gangwon ပြည်နယ်၊ Hwacheon မှာ ဆောင်းရာသီတိုင်း ကျင်းပလေ့ရှိပါတယ်။ ဒီပွဲဟာ ကိုရီးယားလူမျိုးတွေအပြင် ခရီးသွားအများအပြားဟာ ရေခဲငါးဖမ်းခြင်း၊ နှင်းလျှောစီးခြင်း၊ နှင်းပန်းပုတွေကြည့်ဖို့ အလာများဆုံး ပွဲတော်ဖြစ်ပါတယ်။ ဒါ့အပြင် ငါးလာမျှားတဲ့ သူတွေကလဲ trout၊ perch နဲ့ yellow bass တို့လို ငါးမျိုးစိတ်တွေကို မျှားချင်လို့ လာကြတာတွေလဲ ရှိပါတယ်။

ငါးမမျှားတတ်ရင်လည်း ရှင်းပြပေးမယ့် လူတွေလဲရှိတဲ့အပြင် ငါးဖမ်းကိရိယာတွေ မပါလာလည်း ငှားပေးပါသေးတယ်။ ငါးမျှားလို့ ငါးမိရင်လဲ ကိုယ်မိတဲ့ ငါးကို တခါတည်း ကင်စားလို့ ရပါသေးတယ်။

ရေခဲငါးဖမ်းရင်း အေးခဲနေတဲ့ မြစ်၊ ရေကန်တွေ၊ နှင်းဖုံးနေတဲ့ တောင်တွေနဲ့အတူ အလှပဆုံး ဆောင်းရာသီရှုခင်းတွေကိုလဲ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အချိန်ဖြုန်းရင်း ထူးခြားပြီး အမှတ်တရဖြစ်စေတဲ့ ဆောင်းရာသီ outdoor activity ကိုလဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ အချိန်အကန့်အသတ်ရှိတာကြောင့် ပွဲရက်စွဲတွေ၊ ဝင်ကြေးတွေကိုတော့ သတိပြုပါ။

လိပ်စာ- 137 Sancheoneo-gil၊ Hwacheon-gun၊ Gangwon-do (강원특별자치도 화천군 화천읍 산천어길 137)

#thingstodo #winter #outdoor #activities #korea #myanmar #MyanGoal


Latest