ဒီနေ့မှာတော့ Hongdae ရောက်တဲ့အခါ အလှကုန်ပစ္စည်းဆိုင်တွေ ရောင်းတဲ့ဆိုင်တွေ လိုက်ရှာနေစရာမလိုအောင် လူကြိုက်များပြီး နာမည်ကြီးတဲ့ အလှကုန်ပစ္စည်းစတိုးဆိုင်တွေကို ဖော်ပြလိုက်ပါတယ်။ အလှကုန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဝယ်ယူရတာကြိုက်တဲ့ သူတွေဆိုရင်တော့ Hongdae ရောက်ရင် ဘယ်နားမှာ သွားဝယ်ရမလဲ သိချင်ရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
Olive Young
Hongdae မှာရှိတဲ့ အလှကုန်ဆိုင်တွေမှာ Olive Young က မဖြစ်မနေ လည်ပတ်သင့်တဲ့အရာဖြစ်ပါတယ်။ မတူညီတဲ့ ဆိုင်ခွဲ 7 ခုရှိပြီး ဆိုင်ခွဲတခုမှာ ပစ္စည်းရောင်းကုန်သွားရင် နောက်ဆိုင်တစ်ခုကို အေးဆေးသွားလိုက်ရုံပါဘဲ။
Olive Young Hongdae
လိပ်စာ- 서울특별시 마포구 동교동 양화로 156 엘지 팰리스
(ဆိုးလ်၊ Mapo-gu၊ Donggyo-dong၊ Yanghwa-ro၊ 156 LG Palace)
ချိန်- နေ့စဉ် 10:00-22:00
Olive Young Hongdae ဆိုင်ခွဲ
လိပ်စာ- 서울 마포구 양화로 183
(183 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:00-23:00
Olive Young Hongdae Jungang ဆိုင်ခွဲ
လိပ်စာ- 서울 마포구 어울마당로 68
(68 Eulmadang-ro, Mapo-gu, Seoul) 1~2F
ဆိုင်ဖွင့်ချိန်- 11:00-22:30
Olive Young Hongdae Jungmun ဆိုင်ခွဲ
လိပ်စာ- 서울 마포구 홍익로 4
(4 Hongik-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- တနင်္လာ-သောကြာ (10:00-22:30) / စနေ-တနင်္ဂနွေ (11:00-22:30)
Etude House
Hongdae မှာ နာမည်အကြီးဆုံး အလှကုန်ဆိုင်တွေထဲက တစ်ခုကတော့ Etude House ဖြစ်ပါတယ်။ Hongik တက္ကသိုလ် ဘူတာရုံဘေးတွင် တည်ရှိပြီး ဆိုင်အပြင်ဘက်ကို ပန်းရောင်တောက်တောက်နဲ့ ပြင်ဆင်ထားတာကြောင့် အလွယ်တကူ ရှာလို့ လွယ်ပါတယ်။
လိပ်စာ- 서울 마포구 홍익로 6길 26
(26 Hongik-ro 6-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန်- 10:00-23:00
Innisfree
Hongdae မှာ Innisfree ဆိုင်နှစ်ဆိုင်ရှိပါတယ်။ တစ်ခုကတော့ Hongik University Station ထွက်ပေါက် 8 အပြင်ဘက်မှာရှိပြီး နောက်တစ်ခုကတော့ ထွက်ပေါက် 9 ရှေ့မှာ ရှိပြီး ရှာရလဲ အရမ်းလွယ်ပါတယ်။ နှစ်ဆိုင်စလုံးက Hongdae ရဲ့ အဓိကစျေးဝယ်လမ်းရဲ့ အဝင်ပေါက်မှာ ရှိတာဘဲ ဖြစ်ပါတယ်။
လိပ်စာ- 서울 마포구 양화로 18길 12
(12 Yanghwa-ro 18-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
လိပ်စာ- 서울 마포구 어울마당로 119
(119 Eulmadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
TONYMOLY
TONYMOLY ကတော့ အစည်ကားဆုံး အဓိကလမ်းမကြီးပေါ်ရှိ မီးပွိုင့်ရှေ့မှာ တည်ရှိပါတယ်။ စျေးလဲ သက်သာတဲ့ အလှကုန်အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပြီး ကိုရီးယားမှာ အလွန်ရေပန်းစားပါတယ်။
လိပ်စာ- 서울 마포구 홍익로 3길 1
(1 Hongik-ro 3-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
Holika Holika
Holika Holika ကတော့ သုံးစွဲသူတွေရဲ့ သုံးသပ်ချက်မြင့်မားမှုတွေကြောင့် Hongdae တွင် ရေပန်းစားလာတဲ့ အလှကုန်အမှတ်တံဆိပ် စတိုးတခုဘဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Holika Holika ဟာ Hongdae တွင် စတိုးဆိုင်နှစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။
လိပ်စာ- 서울 마포구 와우산로 23길 40
(40 Wausan-ro 23-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-22:00
Hongdaeရှိ ဒုတိယဆိုင်နေရာ
လိပ်စာ- 서울 마포구 어울마당로 86
(86 Eulmadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန် 12:00-21:00
OLENS
Hongdae ကိုသွားလည်တဲ့အခါ မျက်ကပ်မှန်စတိုးဆိုင်တော်တော်များများကို တွေ့ရမှာဖြစ်ပေမယ့် OLENS ကတော့ ကိုရီးယားလူမျိုးတွေရဲ့ အကျော်ကြားဆုံးနဲ့ အသုံးအများဆုံးထဲက တစ်ခုဖြစ်ပါတယ်။
OLENS ဟာ BLACKPINK collaboration လုပ်ထားပြီး သူတို့အသုံးပြုတဲ့ မျက်ကပ်မှန်တွေကို ဒီမှာ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
လိပ်စာ- 서울 마포구 양화로 18길 15
(15 Yanghwa-ro 18-gil၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:30
OLENS Hongdae ဝင်ပေါက်နား
လိပ်စာ- 서울 마포구 양화로 156
(156 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:30
OLENS Hongdae
လိပ်စာ- 서울 마포구 잔다리로 2길 24
(24 Zandari-ro 2-gil, Mapo-gu, ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-22:30
#shopping #Cosmetics #hongdae #korea #myanmar #MyanGoal







Leave a Reply
You must be logged in to post a comment.