ကိုရီးယားလူမျိုးတွေရဲ့ dating ပြုလုပ်တာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက် ၈ ချက်-part 1

ကိုရီးယားလူမျိုးတွေရဲ့ dating ပြုလုပ်တာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက် ၈ ချက်

တောင်ကိုရီးယားမှာ dating လုပ်တဲ့အခါမှာ အာရှနိုင်ငံဖြစ်တာနဲ့အညီ စည်းမျဉ်းတွေနဲ့ ထုံးတမ်း အစဉ်အလာတွေလဲ ပါဝင်လေ့ရှိပါတယ်။ ကျွန်တော်တို့လို မြန်မာလူမျိုးတွေအနေနဲ့ သူတို့ရဲ့ ယဥ်ကျေးမှုနဲ့ လိုက်လျောညီထွေမှုတွေရှိပေမယ့် တောင်ကိုးရီးယားမှာ ကွဲပြားမှုတချို့လဲ ရှိနေပါသေးတယ်။ Valentine’s Day ကလဲ မကြာခင် ကျရောက်တော့မှာဆိုတော့ ဒီလိုစိတ်ဝင်စားစရာ အချက်တွေကို သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။

1.White Day
White Day ကတော့ Valentine’s Day အပြီး နောက်တစ်လအကြာမှာ ကျင်းပလေ့ရှိပြီး ချစ်ခြင်းမေတ္တာကို ပြသတဲ့ နေ့တစ်ရက် ဖြစ်ပါတယ်။ အနောက်တိုင်းဓလေ့တွေနဲ့ မတူတာက တောင်ကိုရီးယားမှာ Valentine’s Day ဆိုရင် မိန်းကလေးတွေက ကိုယ့်ရဲ့ ချစ်သူရည်းစားတွေကို ချောကလက်ပေးတာ ဖြစ်ပါတယ်။ White Day မှာတော့ ယောကျာ်းလေးတွေက အဖြူရောင်သကြားလုံးတွေ၊ တခြားလက်ဆောင်တွေလဲ ပေးကြပါတယ်။ White Day ရောက်ခါနီးပြီဆို တောင်ကိုရီးယားက ကုန်စုံစတိုးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ အဆင်သင့် ပြင်ဆင်ထားတဲ့ ပန်းတွေ၊ ဝက်ဝံရုပ်ကြီးတွေ၊ သကြားလုံးတွေကို ရောင်းအားမြှင့်ကြပါတယ်။

2.နှစ်ပတ်လည်နေ့တွေ
တောင်ကိုရီးယားလူမျိုးတွေဟာ နှစ်ပတ်လည်နေ့များစွာကို ကျင်းပလေ့ရှိကြပြီး နှစ်ပတ်လည်နေ့တွေကို ရက်တွေနဲ့ပါ ကျင်းပကြလေ့ရှိပါတယ်။ စုံတွဲတွေအနေနဲ့ ရည်စားစဖြစ်တဲ့ ပထမနေ့ကနေစပြီး ရက် 100 နေ့သာမက ရက်ပေါင်း 200၊ 300၊ 500 နဲ့ 1,000 ရက်တွေမှာလဲ ကျင်းပကြပါတယ်။ ကိုရီးယားက ဆယ်ကျော်သက် စုံတွဲတွေဆိုရင် သူတို့ရဲ့ 22 ရက်မြောက်နေ့ကိုပါ အတူတကွ ကျင်းပကျပါတယ်။ အဲ့ဒီနေ့ကို “Two-two day” လို့ခေါ်ပြီး pre-anniversary အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။

3.Couple items
တောင်ကိုးရီးယားယဉ်ကျေးမှုမှာ fashion ကျတာဟာ အရေးကြီးပြီး စုံတွဲတွေအနေနဲ့ ဆင်တူလေးတွေ အသုံးပြုကြပါတယ်။ စုံတွဲတီရှပ်တွေ၊ ဖုန်းကာဗာဆင်တူတွေ၊ ဒါမှမဟုတ် ခေါင်းစခြေအဆုံးဆင်တူ ဝတ်စုံတွေ ဝတ်တာတွေလဲ ပြုလုပ်ကြပါတယ်။ ရေပန်းအစားဆုံးကတော့ တောင်ကိုရီးယားမှာ ချိန်းတွေ့တဲ့အခါမှာ စုံတွဲတွေဟာ couple rings ကိုလဲ အများဆုံး ပြုလုပ်ကြပါတယ်။ ဒီ couple ring ကို ရည်းစားဖြစ်ပြီး ရက် 100 ပြည့်တဲ့အခါမှာ နှစ်ဦးသဘောတူ ကတိသစ္စာပြုဖို့ ပြုလုပ်ကြပါတယ်။

4.The double rule
စုံတွဲတွေအနေနဲ့ ကိုရီးယားမှာ အပြင်ထွက် စားတဲ့အခါမှာ နှစ်ယောက်အတူတူ မျှစားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ မျှစားတဲ့အဓိပ္ပါယ်ကတော့ ထမင်းစားတာ ဖြစ်ဖြစ်၊ မုန့်စားတာဖြစ်ဖြစ် တစ်ပန်းကန်ထဲကို အတူတူ မျှစားတာ ဖြစ်ပါတယ်။ ရေပန်းစားတဲ့ ကိုရီးယားအချိုပွဲဖြစ်တဲ့ bingsu ဆို ပန်းကန်လုံးအကြီးကြီးနဲ့ လာပြီး ဒီရေခဲခြစ်ကို အတူတူမျှစားတာဟာ စုံတွဲဝွေအများဆုံး စားကြပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်တွေမှာ milkshakes ဒါမှမဟုတ် frappuccinos တွေကို စုံတွဲတွေဟာ အတူတူ မျှသောက်လေ့ရှိပါတယ်။ ဒီလို အစားအသောက်ကို မျှဝေခြင်းဟာ sharing is caring ဆိုတဲ့အတိုင်း ပျော်စရာ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

နောက်ရက်တွေကျရင်လဲ ဒီလိုစိတ်ဝင်စားစရာ dating ပြုလုပ်တာနဲ့ ပတ်သက်တဲ့အချက်တွေကိုလဲ ပြောပြပေးသွားဦးမှာမလို့ စောင့်မျှော်နေကြပါနော်။

#couple #dating #facts #korea #myanmar #MyanGoal


Latest