Korean Soju ( 소주 ) ကတော့ မသိတဲ့လူမရှိအောင် နာမည်ကြီးတဲ့ တောင်ကိုရီးယားရဲ့ ကိုယ်စားပြု အရက်အမျိုးအစားဖြစ်ပြီး လူသောက်အများဆုံး အရက်တစ်မျိုးလဲ ဖြစ်ပါတယ်။
‘Korean Firewater’ လို့လဲ လူသိများတဲ့ Soju (소주) ဟာ ကိုရီးယားမှာ အကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံး အရက်ဖြစ်တဲ့အပြင် ကိုရီးယားယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။
Korean Soju ဆိုတာဘာလဲ ?
Korean Soju ကတော့ ရှေးယခင်တုန်းက ဆန်ကနေ ပြုလုပ်ထားတဲ့ ပေါင်းခံရည် ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၆၅ ခုနှစ်မှာ အငတ်ဘေးကြောင့် အစိုးရက ဆန်ထုတ်လုပ်သူတွေကို အရက်ချက်တဲ့အခါမှာ သုံးစွဲခြင်းမပြုဖို့ တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် အာလူးကနေ အချဥ်ဖောက်ပြီး ပြုလုပ်ထားတဲ့ Soju တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ကပ်ဘေးအပြီး တားမြစ်ချက်ကို ရုပ်သိမ်းလိုက်တဲ့အခါမှာလဲ ဒီဖော်မြူလာအသစ်ကို ဆက်လက်အသုံးပြုခဲ့ပြီး အဲ့ဒီ့အချိန်မှစပြီး အရက်ဖော်စပ်တဲ့အခါမှာ အာလူး၊ ဆန်နဲ့ အခြားပါဝင်ပစ္စည်းတွေကို ရောစပ်အသုံးပြုလာခဲ့ကြပါတယ်။ ကိုးရီးယားနိုင်ငံထုတ် တံဆိပ်အမျိုးမျိုးကြားမှာ ပါဝင်ပစ္စည်း အသုံးပြုမှု ကွာခြားနိုင်ပေမယ့် အရသာကတော့ အတော်လေး တူညီကြပါတယ်။
ကိုရီးယား Soju စစ်စစ်မှာ အရက်ပါဝင်မှုနှုန်း 20% ခန့်လောက်ရှိပါတယ်။ ဒါ့အပြင် အသီးအနှံတွေနဲ့ ရောနှောပြီး တခြားအရသာ အမျိုးမျိုးကိုလည်း တီထွင်ထုတ်လုပ်လေ့ ရှိပါတယ် ။ လူကြိုက်အများဆုံး အရသာတွေကတော့ စပျစ်သီး ( 자몽 ၊ jamong ) ၊ ဇီးသီး ( 자두 ၊ jadu ) ၊ အဖြူရောင် စပျစ်သီး ( 청포도 ၊ cheongpodo ) မက်မွန်သီး ( 복숭아 ၊ boksunga ) ၊ ပန်းသီး ( 사과 유 유 유 ) ၊ yuja ) အရသာတွေဘဲ ဖြစ်ပါတယ်။ကိုရီးယားမှာ အရက်သောက်ခြင်း ယဉ်ကျေးမှုကိုရီးယား Soju ဟာ ကိုရီးယားယဉ်ကျေးမှုရဲ့ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။
회식 ( hoesik ) လို့ခေါ်တဲ့ ကုမ္ပဏီစုဝေးပွဲတွေမှာ လုပ်ဖော်ကိုင်ဖက်တွေကြား ပိုမိုစည်းလုံးညီညွတ်စေဖို့အတွက် ကုမ္ပဏီတွေက မကြာခဏ စီစဉ်ပေးလေ့ရှိပါတယ်။ ဒီလို ကုမ္ပဏီညစာစားပွဲတွေ၊ ဂုဏ်ပြုပွဲတွေအတွက် ကျင်းပတဲ့အခါ Soju သောက်တာဟာ ပျော်ရွှင်စရာအချိန်တွေ ဝေမျှကြတယ်လို့ သတ်မှတ်ကြပြီး Soju သောက်ဖို့ ငြင်းဆန်ရင်တော့ မယဉ်ကျေးဘူးလို့ ယူဆကြပါတယ်။ အကယ်လို့ ကိုယ်က အရက်မသောက်နိုင်တဲ့သူဆိုလဲ အများကြီးမသောက်ဘဲ ကိုယ်သောက်နိုင်သလောက်ဘဲ သောက်တာဟာ မသောက်ဖို့ငြင်းတာထက် ပိုယဉ်ကျေးတယ်လို့ ယူဆကြပါတယ်။ဒါ့အပြင် ကိုရီးယားလူမျိုးတွေဟာ ယဉ်ကျေးသိမ်မွေ့ပြီး ကျင့်ဝတ်သိက္ခာပိုင်းကို ဦးစားပေးတတ်တယ်ဆိုတာ သိထားရပါမယ်။
ဒါကြောင့် ကိုရီးယားလူမျိုးတွေနဲ့ Soju သောက်တဲ့အခါမှာ လိုက်နာရမယ့်အရာလေးတွေလဲ ရှိပါတယ်။၊ ပထမဆုံးအနေနဲ့ Soju ထည့်တဲ့အခါ ကိုယ့်အတွက် အရင်မထည့်ဘဲ ကိုယ်ထက်ကြီးတဲ့လူ၊ စီနီယာကြတဲ့သူတွေ ထည့်ပြီးမှ ကိုယ့်အတွက် ထည့်ရမှာဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တခြားသူတစ်ဦးရဲ့ ခွက်တွေကို Soju ဖြည့်ပေးတာဟာ ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုဖြစ်တယ်လို့ ယူဆကြတာဖြစ်ပါတယ်။
Disclaimer – ကိုရီးယားမှာ တရားဝင် အရက်သောက်လို့ရတဲ့ အသက်ကတော့ 19 နှစ် ဖြစ်ပါတယ်။
#soju #drinks #korea #myanmar #MyanGoal #alcohol #beverage







Leave a Reply
You must be logged in to post a comment.