0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Soju နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေ
Feb 23, 2025
—
by
Milo Kevin
in
Food & Drinks
ဒီနေ့မှာတော့ Korean Soju နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ပြောပြပေးမှာမလို့ ဘယ်အချက်တွေလဲ၊ ဘာတွေလဲ၊ ဘယ်လိုမူးလဲ၊ ဘယ်လို အမျိုးအစားကွဲတွေ ရနိုင်လဲဆိုတာကို ဆက်ပြီး ကြည့်လိုက်ရအောင်။
Soju နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေ
Korean Soju ကို ဘာနဲ့သောက်ရမလဲ ?
Soju နဲ့ ကောင်းကောင်းတွဲစားလို့ကောင်းတဲ့ အစားအစာတွေကို ဖော်ပြတဲ့အခါ ကိုရီးယားလူမျိုးတွေသုံးတဲ့ ဝေါဟာရကတော့ Anju (안주) ဖြစ်ပါတယ် ။ Anju အမျိုးပေါင်း များစွာရှိပေမယ့်လည်း ကိုရီးယားလူမျိုးတွေ တွဲစားလေ့ရှိတာကတော့ ကိုရီးယား Soju နဲ့ ကိုးရီးယား ဝက်ဗိုက်သားကင် samgyeopsal ( 삼겹살 ) တို့ဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုရီးယားကြက်ကြော်၊ ပင်လယ်စာတွေ၊ Korean pancakes နဲ့ ramyeon တို့နဲ့လဲ တွဲစားလို့ကောင်းမွန်ပါwBf။ လူတွေက အရက်သောက်ပြီး အဆာပြေစားတဲ့ ကိုရီးယားအရက်ဆိုင်တစ်မျိုးဖြစ်တဲ့ suljip ( 술집 ) မှာ ဒီမျိုးကွဲတွေကို တွေ့နိုင်မှာပါ ။
Korean Soju သောက်ရတဲ့အခါမှာ မပါမဖြစ် ဇာတ်လိုက်ကျော်တစ်ခုကတော့ (Drinking Game) အရက်သောက်ဂိမ်းတွေကိုလဲ လက်လွှတ်ခံလို့မရပါဘူး။ Rose ရဲ့ APT သီချင်းဟာလဲ အရက်သောက်တဲ့အခါမှာ အဆော့များကြတဲ့ လူကြိုက်အများဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး နောက်ထပ် စိတ်လှုပ်ရှားစရာဂိမ်းတွေလဲ ရှိပါသေးတယ်။ ဒီလိုဂိမ်းတွေ ဆော့ကစားပြီး ပိုမိုပျော်ရွှင်စရာ အမှတ်တရတွေကို ဖန်တီးနိုင်မှာဘဲ ဖြစ်ပါတယ်။
Korean Soju ကော့တေး
လူကြိုက်အများဆုံး soju ကော့တေးကတော့ somaek ( 소맥 ) လို့ခေါ်ပြီး soju နဲ့ ဘီယာအတွက် ကိုးရီးယားအခေါ်အဝေါ်ဖြစ်တဲ့ maekju ( 맥주 ) ကို ပေါင်းစပ်ဖန်တီးထားတဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။ Somaek ကတော့နာမည်ထဲကအတိုင်း Soju နဲ့ ဘီယာကို သေချာရောစပ်ပြီး ဖန်တီးထားတဲ့ ကော့တေးတစ်မျိုးဖြစ်ပြီး ကိုယ်လိုချင်တဲ့ အချိုးအစားအတိုင်း Soju ပမာဏနဲ့ ဘီယာပမာဏကို ပြုလုပ်ဖန်တီးနိုင်ပါတယ်။
အသီးအနှံတွေနဲ့ ရောတာကြိုက်ရင်တော့ ဖရဲသီး Soju ကို စမ်းကြည့်ကြည့်ပါ။ ပြုလုပ်ဖို့ အလွန်လွယ်ကူပြီး ဖရဲသီး၊ Sprite၊ soju နဲ့ Yakult တို့ကို ပေါင်းစပ်ဖန်တီးရမှာဘဲ ဖြစ်ပါတယ်။
နောက်ထပ်ထူးထူးခြားခြား Soju ကော့တေး တွေရှိပါသေးတယ်။ so-tonic ဆိုတာကို ကြားဖူးကြလား။ ကိုရီးယားလူမျိုးတွေက gin tonic ကို သောက်လေ့ရှိပေမယ့် Soju နဲ့ Tonic Water ရောစပ်ပြီးလဲ သောက်သုံးလေ့ရှိကြပါတယ်။နောက်ထပ်တစ်ခုကတော့ soju ကော်ဖီ ဖြစ်ပါတယ်။ နာမည်ထဲကအတိုင်း Soju ကို ကြိုက်နှစ်သက်တဲ့ ကော်ဖီနဲ့ ရောပြီး သောက်သုံးနိုင်ပါတယ်။ ဒီဖျော်နည်းတွေက တော်တော်လေး ထူးဆန်းတာကြောင့် စမ်းသောက်ကြည့်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။
Disclaimer – ကိုရီးယားမှာ တရားဝင် အရက်သောက်လို့ရတဲ့ အသက်ကတော့ 19 နှစ် ဘဲဖြစ်ပါတယ်။
#soju #alcohol #facts #korea #myanmar #MyanGoal #drinks
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
လူသားတွေကို အကျိုးပြုမယ့် AI တစ်ခုဖန်တီးမယ်
Next:
Busan မြို့က အကောင်းဆုံးစျေးများ
→
Latest
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Apple ဟာ ကင်မရာပါတဲ့ AirPods အသစ်ကို Prototype အနေနဲ့ စမ်းသပ်နေ
အရင်တုန်းက Apple ဟာ ကင်မရာပါတဲ့ AirPods အသစ်ကို Prototype အနေနဲ့ စမ်းသပ်နေတယ်ဆိုပြီး သတင်းတွေ…
Read more
: Apple ဟာ ကင်မရာပါတဲ့ AirPods အသစ်ကို Prototype အနေနဲ့ စမ်းသပ်နေ
ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ်
ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ် ကျောင်းစာမေးခွန်းတွေ၊ နေ့စဉ်ဘဝ…
Read more
: ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ်
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.