0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ကိုရီးယားနိုင်ငံရဲ့ အဓိက အားလပ်ရက် လေးခု
Mar 3, 2025
—
by
Milo Kevin
in
Things to do (events)
ကိုရီးယားနိုင်ငံရဲ့ အဓိက အားလပ်ရက် လေးခု
တောင်ကိုရီးယားနိုင်ငံဟာ ရိုးရာယဥ်ကျေးမှုကြွယ်ဝသလို ဓလေ့ထုံးတမ်းတွေများစွာ ရှိပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး နိုင်ငံတော် အားလပ်ရက်အဖြစ် ကျင်းပတာကတော့ 4 ရက်ဘဲ ရှိပါတယ်။ အဲ့ဒီ အဓိက အားလပ်ရက် 4 ခုကတော့ 👇👇👇
Seolllal (Lunar New Year)
Seolllal (Lunar New Year’s Day) ကတော့ ကိုရီးယားလပြက္ခဒိန်ရဲ့ ပထမဆုံးနေ့ဖြစ်ပြီး ကိုရီးယားမှာ အထင်ရှားဆုံးနဲ့ အစည်ကားဆုံး ရိုးရာအားလပ်ရက် တစ်ရက်ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာတော့ ကိုရီးယားပြည်သူတွေဟာ ဘိုးဘေးဘီဘင်တွေကို ကန်တော့ကြပြီး သက်ကြီးရွယ်အိုတွေကို ဂါရဝပြုကြပြီး နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားကြတာဖြစ်ပါတယ်။ ဘိုးဘေးဘီဘင်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခြင်းကို Charye လို့ခေါ်ပြီး Seolllal ရက်မှာ ဒီအခမ်းအနားကို Sadang (ရိုးရာနတ်ကွန်း) မှာ ပြုလုပ်လေ့ရှိကြပါတယ်။
ဒီကာလမှာ လူတွေက Tteokguk (ဆန်ကိတ်နဲ့ လုပ်ထားတဲ့ ကိုရီးယားရိုးရာဟင်းရည်)၊ Yut Nori (ရိုးရာဘုတ်ဂိမ်း)၊ Neolttwigi (ရိုးရာoutdoorဂိမ်း) နဲ့ Sebae (သက်ကြီးရွယ်အိုတွေကို ဦးညွှတ်တဲ့ ရိုးရာပွဲတွေ) ကိုလည်း ကြပါတယ်။ ယနေ့ခေတ်မှာတော့ Saebae နဲ့ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးတာတွေဟာ Seolllal ပွဲတော်ရဲ့ အဓိကအင်္ဂါရပ်တွေ ဖြစ်ပါ။
Dano (နွေဦးပွဲတော်)
Dano ကတော့ ကိုရီးယားလပြက္ခဒိန်ရဲ့ ပဉ္စမလ ၅ ရက်မြောက်နေ့မှာ ကျရောက်တာဖြစ်ပြီး ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီးတဲ့အခါမှာ အသီးအနှံတွေ အထွက်နှုန်းကောင်းစေဖို့ ပြုလုပ်ကြတဲ့ ရိုးရာဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။
Dano ပွဲတော်ကာလမှာတော့ ကိုရီးယားလူမျိုးတွေဟာ Surichitteok နဲ့ Ssuktteok (ဆန်မုန့်တစ်မျိုး) ရယ် Angdu Hwachae ( ချယ်ရီမုန့် ) ဆိုတာတွေကို စားကြပါတယ်။ ရိုးရာဓလေ့အရ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဆံပင်ကို changpo (sweet iris herb) ရေနဲ့ ဆေးကြောပြီး အဝတ်အစားအသစ်တွေနဲ့ ဆံထိုးတွေကို ၀တ်ဆင်ကြပါတယ်။ ဒီဓလေ့ကို Danojang လို့ ခေါ်ပါတယ်။ ဒီပွဲတော်နေ့မှာ ကိုရီးယားလူမျိုးတွေဟာ swings၊ Ssireum (ကိုရီးယားနပန်း)၊ လေးပစ်ခြင်းနဲ့ တခြားကိုယ်လက်လှုပ်ရှား ရိုးရာကစားနည်းတွေကိုလဲ ကစားကြပါတယ်။
Chuseok (Korean Thanksgiving Day)
Chuseok ကတော့ ကိုရီးယားလပြက္ခဒိန်ပေါ်မူတည်ပြီး September ဒါမှမဟုတ် October လမှာ ကျရောက်ပြီး Gabae၊ Gawee၊ Hangawi ဒါမှမဟုတ် Jungchujeol လို့လည်း လူသိများပါတယ်။ ကိုရီးယား မိသားစုဝင်တွေဟာ ရိတ်သိမ်းပြီးခါစ စပါးကနေချက်ထားတဲ့ ထမင်းနဲ့ Songpyeon (ဆန်လတ်လတ်ဆတ်ဆတ်နဲ့ ပြုလုပ်ထားတဲ့ ရိုးရာဆန်ကိတ်) တို့ကို အသုံးပြုပြီး Charye လို့ ခေါ်တဲ့ ဘိုးဘေးဘီဘင်တွေအတွက် အခမ်းအနားကို ပြုလုပ်ကြပါတယ်။ Seongmyo (ဘိုးဘွားတွေရဲ့ သင်္ချိုင်းကို သွားရောက်လည်ပတ်ပြီး ဂါရဝပြုလုပ်ခြင်း) နဲ့ Beolcho (ဘိုးဘွားတွေရဲ့ သင်္ချိုင်းအနီးမှာ ပေါက်နေတဲ့ ပေါင်းပင်တွေ မြက်တွေကို ဖယ်ရှားခြင်း) တို့ကို ဒီအားလပ်ရက်ကာလအတွင်းမှာ ပြုလုပ်ကြပါတယ်။
ရိုးရာကစားနည်းတွေဖြစ်တဲ့ Ganggangsulae (အမျိုးသမီးတွေ လက်ဆွဲပြီး ဝိုင်းဖွဲ့ကခုန်တဲ့ ရိုးရာဂိမ်းတစ်ခု၊ “Ganggangsullae” ၊ Sonori (နွား/လိပ်နဲ့ပတ်သက်တဲ့ ဖျော်ဖြေပွဲ)၊ Bull-fighting နဲ့ Gama Ssaum ( palanquin ဂိမ်း) တို့ကိုလဲ ကျင်းပကြပါတယ်။ ကိုရီးယားနိုင်ငံရဲ့ နည်းပညာထွန်းကားလာမှုနဲ့အတူ ရိုးရာကစားပွဲတွေကို ပုံမှန်ကျင်းပတာတွေလဲ နည်းပါးလာပေမယ့်လည်း ကိုရီးယားလူမျိုး အများအပြားကတော့ ဒီကာလမှာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ဆင်နွှဲကြဖို့ မွေးရပ်မြေကိုတော့ ပြန်ကြပါတယ်။
Hansik (အအေးစားသောနေ့)
Hansik ပွဲတောက်ကတော့ Dongji ရက်ပြီးနောက် 105 ရက်မြောက်နေ့မှာ ကျင်းပလေ့ရှိပြီး များသောအားဖြင့် ဧပြီလ 5 ရက်နေ့မှာ ကျရောက်လေ့ရှိပါတယ်။ ဒီပွဲတော်ကတော့ ဘိုးဘေးဘီဘင်တွေ အောက်မေ့ခြင်း အထိမ်းအမှတ် အခမ်းအနားဘဲဖြစ်ပါတယ်။ Hansik ပွဲတော်ဟာ ရှေးခေတ် တရုတ်ရိုးရာ အလေ့အထတစ်ခုမှ ဆင်းသက်လာပြီး Cold Food Festival အဖြစ် လူသိများပါတယ်။ ပွဲတော်နေ့မှာ ဒေသခံပြည်သူတွေဟာ မီးကိုအသုံးမပြုဘဲ ချက်ပြုတ်ထားတဲ့ဟာကိုသာ တစ်နေ့လုံး စားကြပါတယ်။
ကိုရီးယားဒဏ္ဍာရီတွေအရ တစ်နိုင်ငံလုံးက Jongmyo the Royal Shrine နဲ့ Neungwon မှာ ယဇ်ပူဇော်ပွဲတွေ ပြုလုပ်ကြပါတယ်။ ဒေသခံပြည်သူတွေဟာ ကိုယ်တိုင် အခမ်းအနားများကို ကျင်းပကြပြီး မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းကို သွားရောက်ပြီး သင်္ချိုင်းပတ်ပတ်လည်မှာ သစ်ပင်တွေစိုက်ပြီး ဆုတောင်းပေးကြပါတယ်။ Hansik ပွဲတော်ဟာ စိုက်ပျိုးရာသီရဲ့အစဖြစ်ပြီး လယ်သမားများဟာ စိုက်ပျိုးရေးလုပ်ငန်းစတင်ရန်အတွက် မျိုးစေ့များကို စတင်ဖြန့်ကျဲကြပါတယ်။
#holiday #events #korea #myanmar #myangoal #seollal #chuseok #hansik
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
part 2 / Niacinamide ပါတဲ့ ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းများ
Next:
Xiaomi က 15 Series မှာ အကြမ်းဆုံးဆိုတဲ့ Ultra ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။
→
Latest
ကိုရီးယားစာကို အွန်လိုင်းကနေသင်ယူလေ့လာတော့မယ်ဆိုရင်
ကိုရီးယားစာကို အွန်လိုင်းကနေ သင်ယူလေ့လာတော့မယ်ဆိုရင် ဒီ အချက်လေးတွေကို လုပ်ကြည့်တာ ကောင်းပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal…
Read more
: ကိုရီးယားစာကို အွန်လိုင်းကနေသင်ယူလေ့လာတော့မယ်ဆိုရင်
ကိုရီးယားမှာကျောင်းတက်ဖို့ IELTS ဘယ်လောက်လိုအပ်လဲ?
IELTS band score လိုအပ်ချက်တွေဟာ ကိုရီးယားတက္ကသိုလ် တခုနဲ့တခု မတူညီကြဘဲ ပရိုဂရမ်တွေပေါ်လိုက်ပြီးလဲ အမှတ်တွေ ကွဲပြားနိုင်ပါသေးတယ်။…
Read more
: ကိုရီးယားမှာကျောင်းတက်ဖို့ IELTS ဘယ်လောက်လိုအပ်လဲ?
Qualcomm နေရာ အစားထိုးလာမယ့် Apple ကိုယ်ပိုင် မျိုးဆက်သစ် “C2 Cellular Modem” ကြောင့် ဘာတွေ ထူးခြားလာမလဲ?
iPhone 18 Pro Series မှာ Qualcomm နေရာ အစားထိုးလာမယ့် Apple ကိုယ်ပိုင်…
Read more
: Qualcomm နေရာ အစားထိုးလာမယ့် Apple ကိုယ်ပိုင် မျိုးဆက်သစ် “C2 Cellular Modem” ကြောင့် ဘာတွေ ထူးခြားလာမလဲ?
ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုခုကို ကျောင်းလျှောက်တော့မယ်ဆိုရင်
ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုခုကို လျှောက်ဖို့ ဆုံးဖြတ်ချက်မချခင် ကိုရီးယားရှိ တက္ကသိုလ်တွေရဲ့ အကြောင်းတွေနဲ့ တက်ရောက်လို့ရမည့် ပရိုဂရမ်တွေကို သေသေချာချာ…
Read more
: ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုခုကို ကျောင်းလျှောက်တော့မယ်ဆိုရင်
Hanyang University မှာတက်တဲ့အခါ ဘယ်နေရာတွေကို သွားချင်ကြလဲ?
ဆိုးလ်မြို့ထဲမှာ ကျောင်းတက်ချင်လို့ Hanyang University ကိုရွေးထားကြတဲ့ သူတွေရှိကြလား? Hanyang တက္ကသိုလ်မှာ ကျောင်းသွားတက်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့…
Read more
: Hanyang University မှာတက်တဲ့အခါ ဘယ်နေရာတွေကို သွားချင်ကြလဲ?
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.