0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2/ Sensitive Skin အတွက် အကောင်းဆုံး Korean Moisturizer 10 မျိုး
Mar 13, 2025
—
by
Milo Kevin
in
Shopping & Promo
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Sensitive Skin အတွက် အကောင်းဆုံး Korean Moisturizer 10 မျိုးထဲက ကျန်နေသေးတဲ့ Moisturizer 5 မျိုးကို ဖော်ပြပေးသွားမှာမလို့ ဘယ်ထုတ်ကုန်တွေက ဘာပါဝင်ပစ္စည်တွေကြောင့် ကောင်းမွန်နေလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။
6.Klairs Midnight Blue Calming Cream
ဒီ night cream မှာ Centella asiatica (Indian pennywort) နဲ့ chamomile oil ကနေထုတ်ယူရရှိတဲ့ guaaiazulene တို့ပါဝင်တာကြောင့် ထိခိုက်လွယ်ပြီး ပျက်စီးလွယ်တဲ့အသားအရေကို ချက်ခြင်းသက်သာစေပါတယ်။ ဒါ့အပြင် ဒီထုတ်ကုန်က အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက်လဲ အထူးကောင်းမွန်ပါတယ်။
7.Cosrx Advanced Snail 92 All in One Repair Cream
ဒီ cream ဟာ လိမ်းရတာ ပေါ့ပါးပြီး အရေပြားကို အာဟာရဖြည့်တင်းပေးတဲ့အပြင် အစိုဓာတ်ကိုလဲ အကောင်းဆုံး ထိန်းထားပေးနိုင်တဲ့ cream အမျိုးအစားဖြစ်ပါတယ်။ 92% သဘာဝ snail secretion filtrate နဲ့ ပြုလုပ်ထားတာကြောင့် အရေပြားပျက်စီးမှုကို ပြုပြင်ပေးကာ အဆီပြန်ခြင်းမရှိဘဲ အရေပြားကို အာဟာရဖြည့်ပေးပြီး အစိုဓာတ်ကို မြှင့်တင်ပေးပါတယ်။
8.Olivarrier Cream All Barrier Relief Moisturizer
ဒီ moisturizer ဟာ နေ့စဉ်အသုံးပြုလို့ကောင်းတဲ့အပြင် squalane နဲ့ rose water တို့ပါ၀င်တာကြောင့် ကြာရှည်စွာ အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။ ပြီး အသားအရေကို အာဟာရဖြည့်တင်းပေးတဲ့အပြင် pH level ကိုလဲ မျှတစေပါတယ်။ အအေးခံထားတဲ့ rosehip နဲ့ jojoba oil တို့လို အော်ဂဲနစ်အဆီတွေလဲ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။ Vegan Ceramide ကလဲ ဓာတုပစ္စည်းတွေမပါဝင်ဘဲ ဖက်တီးအက်ဆစ်တွေ ကြွယ်ဝတာကြောင့် skin barrier ကို အားကောင်းစေပါတယ်။
9.iUnik Centella Calming Gel Cream
ပေါ့ပါးပြီး လန်းဆန်းစေတဲ့ ဒီ gel type cream ဟာ ထိခိုက်လွယ်ပြီး အစက်အပြောက်တွေများတဲ့ အသားအရေတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ Centella Asiatica leaf water 72% နဲ့ 10% Tea Tree Extract ကြောင့် အသားအရေ ရောင်ရမ်းမှုကို ချက်ချင်းသက်သာစေပါတယ်။
10.Innisfree Green Tea Seed Cream
ဒီနေ့စဉ်သုံး moisturizer မှာ Jeju က လက်ဖက်စိမ်းနဲ့ လက်ဖက်စိမ်းစေ့အဆီတို့ကို ရောစပ်ထားတာကြောင့် အသားအရေကို လန်းဆန်းစေပြီး ရေဓာတ်ကို အပြည့်အဝရရှိစေပါတယ်။ ချောမွေ့တဲ့ gel texture ကြောင့် အရေပြားထဲကို အလွယ်တကူ စုပ်ယူနိုင်စေပြီး စေးကပ်မှုမရှိဘဲ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။
#myangoal #cosmetics #shopping #korea #skincare #Myanmar #sensitiveskin #moisturizer
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Haeundae သဲပွဲတော် 해운대 모래축제 ကို သွားရောက်ခြင်း
Next:
အမျိုးသားတွေ ဝက်ခြံထွက်တာတွေကို ကာကွယ်ဖို့ ထိပ်တန်း ကိုရီးယားမျက်နှာသစ်ဆေး 10 မျိုး
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.