Tamnaguk Ipchungut 탐라국 입춘굿 ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်း

🌟 **Tamnaguk Ipchungut 탐라국 입춘굿 ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်း** 🌟

ဒီပွဲတော်ဟာ ရှေးဟောင်းဓလေ့ထုံးတမ်းတွေနဲ့ ခေတ်သစ်ပျော်ပွဲရွှင်ပွဲတွေကို ပေါင်းစပ်ထားတဲ့ ပွဲတော်တစ်ခုပါ။ ရှေးခေတ်ကတည်းက Jeju ကျွန်းမှာ နတ်ဘုရားတွေကို ကိုးကွယ်ခဲ့ကြပြီး နတ်ဘုရားတွေကို ကမ္ဘာမြေပေါ်ကို ခေါ်ဆောင်ဖို့အတွက် ရိုးရာဓလေ့ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုမျိုးဓလေ့ကို “Ipchungut 입춘굿” ဟုခေါ်ပြီး Ipchungut ကို နွေဦးရဲ့အစအဖြစ် သတ်မှတ်ကြပြီး စပါးထွက်နှုန်းကောင်းတဲ့ ရာသီဖြစ်အောင် ဆုတောင်းကြတာဘဲ ဖြစ်ပါတယ်။ 🌸✨Tamnaguk Ipchungut 탐라국 입춘굿 ပွဲတော်ရဲ့ ရိုးရာဓလေ့၊ စွဲမက်ဖွယ် ဖျော်ဖြေရေးတွေနဲ့ ယဉ်ကျေးမှု အံ့သြဖွယ်ရာတွေကို လေ့လာကြည့်လိုက်ပါ။ 🎉

🎶 **ရိုးရာတီးလုံးနဲ့ ကခုန်ကြမယ်**
*Ipchungut 입춘굿 တီးလုံး* ရဲ့ စည်းချက်ကို ခံစားကြည့်လိုက်ပါ။ ကိုရီးယားရိုးရာ ရောင်စုံဝတ်စုံတွေနဲ့ ဖျော်ဖြေသူတွေရဲ့ လှပတဲ့ ကပြမှုတွေကို ကြည့်ရှုရင်း ရှေးဟောင်းဒဏ္ဍာရီတွေကို ပြန်လည်ခံစားကြည့်နိုင်ပါတယ်။ 💃🕺 ဒီစွမ်းအင်တွေကြောင့် စိတ်လှုပ်ရှားစရာ ယဥ်ကျေးမှုအမွေအနှစ် လေ့လာနိုင်မှာ အမှန်ပါပဲ။

🎨 **အရောင်တွေနဲ့ လက်မှုပညာများ**
ကိုရီးယား လက်မှုပညာဖန်တီးမှုရဲ့ လောကထဲကို ဝင်ရောက်ရင်း လက်မှုပညာလက်ရာတွေနဲ့ ရိုးရာဝတ်စုံတွေရဲ့ အလှတရားကို ခံစားလိုက်ပါ။ 🖼️ ဒီယဉ်ကျေးမှု အမှတ်တရ ပစ္စည်းတွေကို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူခဲ့လို့လည်း ရပါတယ်။ 🎁

🍲 **Tamnaguk 탐라국 ရဲ့ အရသာများ**
ဂျယ်ဂျူရဲ့ ဒေသထွက် ‌ရိုးရာပွဲတော် အစားအစာတွေကို စားကြည့်လိုက်ပါ။ မျိုးဆက်တွေ တစ်ဆင့်ပြီး တစ်ဆင့်ကြား လက်ဆင့်ကမ်းခဲ့တဲ့ ဒေသခံအစားအစာတွေကို မြည်းစမ်းလိုက်ပါ။ 🍜🍡 သရေစာမုန့်တွေကနေ ဒေသထွက်ပင်လယ်စာတွေ၊ ဟင်းလျာတွေကနေ Tamnaguk 탐라국 (ဂျယ်ဂျူကျွန်းရဲ့ ရှေးနာမည်) ရဲ့ အစားအစာတွေ ကောင်းမွန်မှုကို ခံစားရစေမှာပါ။

✨ **ညီညွတ်မှုနဲ့ ပျော်ရွှင်မှုရဲ့ ပွဲတော်**
Tamnaguk Ipchungut 탐라국 입춘굿 ပွဲတော်ဟာ သာမန်ပွဲတစ်ခုထက် ပိုပါတယ်။ ဒါဟာ ရပ်ရွာလူထု၊ ယဉ်ကျေးမှုနဲ့ ရင်းနှီးမှုတွေရဲ့ ပွဲတော်ပါ။ ဒေသခံဖြစ်ဖြစ်၊ ခရီးသွားဖြစ်ဖြစ် ဒီပွဲတော်ကို လာရောက်ဖို့ အမြဲ ကြိုဆိုကြလေ့ ရှိပါတယ်။ 🤗💖

📅 ** ပြက္ခဒိန်မှာ မှတ်သားထားပါ။**
ဒီလိုမျိုး ရှေးဟောင်းရိုးရာဓလေ့မျိုးကို ဆင်နွှဲကြည့်ချင်တဲ့ သူတွေအနေနဲ့ လက်လွတ်မခံပါနဲ့။ ဒါကြောင့်မလို့Tamnaguk Ipchungut 탐라국 입춘굿 ပွဲတော်မှာ ပါဝင်ပြီး အမှတ်တရကောင်းတွေနဲ့အတူ ကိုရီးယားရိုးရာ ယဥ်ကျေးမှုကို လေ့လာလိုက်ပါ။ 🌟🎊

#jeju #festival #korea #myanmar #myangoal #thingstodo #traditional


Latest