SK Telecom မှ အရေးပေါ် SIM ကဒ်တွေ အစားထိုးပေးမည်

တောင်ကိုရီးယားရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေတာ SK Telecom ဟာ Hack ခံလိုက်ရပြီး အချက်အလက်တွေ ပေါက်ကြားမှုတွေကြောင့်  SIM ကဒ်တွေကို အရေးပေါ်  အစားထိုးမယ့် အစီအစဉ်ကို စတင်လိုက်ပါပြီ။

ဧပြီလ ၁၉ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဒီဆိုက်ဘာတိုက်ခိုက်မှုက အသုံးပြုသူတွေရဲ့ USIM ကဒ် အချက်အလက်တွေကို ပေါက်ကြားစေခဲ့ပြီး SIM swapping လုပ်သလိုမျိုး ဆိုက်ဘာလုံခြုံရေးအန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။

SK Telecom က ဒီလိုပေါက်ကြားမှုက ဘယ်လောက်ထိ ဆိုးရွားသလဲဆိုတာကို အတိအကျ ဖော်ထုတ်မပြောဆိုသေးပေမယ့် သတင်းတွေအရ အသုံးပြုသူ ၂၃ သန်းလုံးရဲ့ USIM အချက်အလက်တွေနဲ့ mobile virtual network operators (MVNO) သုံးစွဲသူတွေရဲ့ အချက်အလက်တွေပါ ထိခိုက်သွားနိုင်တယ်လို့ ယူဆရပါတယ်။  

ဒါပေမယ့် အခုလက်ရှိမှာ မေလထိ SIM ကဒ် ၆ သန်း အစားထိုးဖို့လုပ်ထားသေးတာဖြစ်ပြီး User တွေရဲ့ စိုးရိမ်စိတ်တွေကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ 

ဒီဆိုက်ဘာတိုက်ခိုက်မှုကြောင့် SK Telecom က မိုဘိုင်းသုံးစွဲသူ ၂၅ သန်းလောက်ကို အခမဲ့ SIM ကဒ် အစားထိုးပေးဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ဒါပေမယ့် SIM ကဒ်  ကန့်သတ်ချက်တွေကြောင့် ၂၀၂၅ မေလထိကို ၆ သန်းပဲ အစားထိုးနိုင်ဦးမှာဖြစ်ပါတယ်။ 

ဒါ့အပြင် SIM Card တွေကို ကဒ်မဟုတ်ပဲနဲ့  eSIM ပုံစံမျိုးတွေကိုလည်း ပြောင်းလဲ သတ်မှတ်ပြီးထုတ်လုပ်မယ်လို့ SK Telecom နဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေက ပြောလို့သိရပါတယ်။ 

ဒါပေမယ့် ဒီပေါက်ကြားမှုက Sim Card အသုံးပြုသူတွေရဲ့ Data နဲ့ အချက်အလက်တွေ မပေါက်ကြားတဲ့အပြင် SIM နဲ့ ဆိုင်တဲ့ Data တွေပဲ ပေါက်ကြားခဲ့တာမျိုးဖြစ်ပါတယ်။ 

လက်ရှိမှာတော့ SK Telecom ဘက်က ဒီ ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေရှင်းချက် မထုတ်ထားသေးပေမယ့် User တွေ Data တွေ ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက်နေတယ်လို့ပဲ သိထားရသေးပါတယ်။ 

#MyanGoal #Telccom #SKTelecom


Latest