0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Incheon မှာ အတွဲတွေ လျှောက်သွားလို့ကောင်းမယ့်နေရာ (Part-2)
May 6, 2025
—
by
Milo Kevin
in
Travel
ကျွန်တော်တို့ MyanGoal – Travel ကနေ စုံတွဲတွေအတွက် Incheon ရှိ အကောင်းဆုံး လည်ပတ်အပန်းဖြေ သွားလို့ကောင်းမယ့် နေရာတွေထဲက ကျန်နေသေးတဲ့ နေရာတွေဖြစ်တဲ့ Songdo Triple လမ်း၊ Chinatown၊ Art Center Incheon၊ Gwangseongbo ခံတပ် တို့ကို ထပ်မံတင်ဆက် ပေးလိုက်ပါတယ်။
Songdo Triple လမ်း
Songdo Triple လမ်းလျှောက် ရှော့ပင်းမောလ်တွေ ရှိတာကြောင့် စျေးဝယ်ထွက်ဖို့နဲ့ စုံတွဲတွေ ချိန်းတွေ့ဖို့အတွက်လဲ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ညဘက်မှာဆိုရင်လဲ လမ်းတလျှောက် တောက်ပတဲ့ မီးရောင်စုံတွေနဲ့ ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းနိုင်ပါတယ်။မိုးလုံလေလုံ တိရစ္ဆာန်ရုံနဲ့ ရေပန်းဥယျာဉ်တို့ ရှိတဲ့အပြင် အရသာရှိတဲ့ အစားအစာတွေအတွက် နာမည်ကြီး စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ ရှိတာကြောင့် date ကျရင်း ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးနိုင်ပါတယ်။ ရာသီဥတုမရွေး အေးအေးဆေးဆေး ချိန်းတွေ့နိုင်တာကြောင့် ပိုပြီးနာမည်ကြီးပါတယ်။
တည်နေရာ- ၃၃-၃၊ Songdo Gwahak-ro 16beon-gil၊ Yeonsu-gu၊ အင်ချွန်း၊ တောင်ကိုရီးယား
Chinatown
Incheon ရဲ့ Chinatown ဟာ အရသာရှိတဲ့ တရုတ်အစားအစာတွေကို စားလို့ရတဲ့အပြင် သမိုင်းကြောင်းတစ်ခုကို ထိန်းသိမ်းပေးနေတဲ့ ရိုးရာလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေရာဟာ ကိုရီးယားကျွန်းဆွယ်ရှိ တစ်ခုတည်းသော တရားဝင် တရုတ်တန်း ဖြစ်ပြီး 1884 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီဧရိယာတဝိုက်မှာ စားသောက်ဆိုင်တွေနဲ့ ခရီးသွားဆွဲဆောင်မှုနေရာတွေ အများအပြားရှိတာကြောင့် စုံတွဲတွေအတွက်လဲ အပန်းဖြေလည်ပတ်လို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီတရုတ်တန်းမှာ အမြင့် 11 မီတာရှိတဲ့ တရုတ်ရိုးရာပုံစံ ဂိတ် တံခါး (paifang) ရှိပြီး တရုတ်စတိုင် ဘုရားကျောင်း Uiseondang ( 의선당 ;義善堂) မှာဆိုလဲ Three Kingdoms သမိုင်းကို သရုပ်ဖော်ထားတဲ့ ပန်းချီကားတွေ ပြသထားပါတယ်။ ကိုရီးယား ပဲခေါက်ဆွဲရဲ့ သမိုင်းကြောင်းကို သိချင်တဲ့ သူတွေအတွက်လဲ Jajangmyeon ပြတိုက် ရှိပါတယ်။
တည်နေရာ- 12၊ Chinatown-ro 59beon-gil၊ Jung-gu၊ Incheon၊ တောင်ကိုရီးယား
Art Center Incheon
Art Center Incheon ဟာ International Business ဧရိယာထဲရှိ အနာဂတ်ဆန်ဆန် ဆောက်လုပ်ထားတဲ့ ရုံတစ်ခု ဖြစ်ပါတယ်။ Songdo Central ပန်းခြံရဲ့ အနောက်မြောက်ဘက်မှာရှိပြီး ပင်လယ်သမုဒ္ဒရာကိုလဲ ကောင်းစွာမြင်နိုင်ပါတယ်။ ဒီအဆောက်အအုံမှာ ဖျော်ဖြေပွဲကြည့်ရှုသူ 1,700 ကျော်ကို လက်ခံနိုင်ပြီး တောင်ကိုရီးယားရှိ အကြီးဆုံး ဖျော်ဖြေရေးခန်းမတွေထဲက တစ်ခုဖြစ်ပါတယ်။ ဂန္တဝင်ဖျော်ဖြေပွဲတွေအတွက်လည်း ကျင်းပပြုလုပ်လေ့ ရှိပါတယ်။ တစ်မူထူးခြားတဲ့ အပြင်ပိုင်း ဒီဇိုင်း၊ ပင်လယ်နဲ့ ချိတ်ဆက်ထားတဲ့ မြင်ကွင်းအပြင် ကမ္ဘာ့အဆင့်မီ အသံစနစ်ကြောင့် Arts Center Incheon ဟာ ဖျော်ဖြေရေးခန်းမတစ်ခုသာမက ဗိသုကာလက်ရာအရပါ အဓိပ္ပာယ်ရှိကြောင်း သက်သေပြနေပါတယ်။ 2018 ခုနှစ် နိုဝင်ဘာလမှာ ဂီတလောကနဲ့ အနုပညာနယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် ကပွဲခန်းမကို ဖွင့်လှစ်ခဲ့ပါတယ်။ အနုပညာကို စိတ်ဝင်စားတတ်ကြတဲ့ စုံတွဲတွေအတွက် တော်တော်လေး ရိုမန်တစ်ဆန်စေမယ့် နေရာလည်း ဖြစ်ပါတယ်။
တည်နေရာ- 222 Art Center-Daero၊ Songdo-dong၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား
Gwangseongbo ခံတပ်
Hyojong ဘုရင် လက်ထက်မှာ ကမ်းရိုးတန်းကို ကာကွယ်ဖို့ တည်ဆောက်ခဲ့တဲ့ Gwangseongbo ခံတပ်ဟာ သမိုင်းဝင်ဖြစ်ရပ်တွေနဲ့ ရောယှက်နေတဲ့အပြင် လေ့လာရေးခရီးတွေအတွက်လဲ ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်ပါတယ်။ ဒီခံတပ်ဟာ တစ်ချိန်က စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု ဖြစ်ခဲ့ပေမယ့်လဲ သမိုင်းဝင်အဆောက်အအုံတစ်ခု အဖြစ် ပြသထားပြီး သစ်သားခုံတန်းလျားတွေနဲ့ ပျော်ပွဲစားထွက်လို့ရတဲ့ နေရာတွေ ရှိလာတာကြောင့် အပြင်ဘက်မှာ ပေါ့ပေါ့ပါးပါး အပန်းဖြေနိုင်ပါတယ်။ ဝင်ကြေးလည်း သက်သာပြီး တိတ်တိတ်ဆိတ်ဆိတ် ရည်းစားလေးနဲ့ နှစ်ယောက်ထဲ လမ်းလျှောက်ပြီး ကိုရီးယားရဲ့ သမိုင်းဝင် အဆောက်အအုံကို လေ့လာနိုင်ပါတယ်။
တည်နေရာ 833၊ Deokseong-ri၊ Bureun-myeon၊ Ganghwa-gun၊ Incheon၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ
#incheon #couple #travel #korea #myanmar #myangoal #romance
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
SK Telecom မှ အရေးပေါ် SIM ကဒ်တွေ အစားထိုးပေးမည်
Next:
လူနဲ့ အနီးစပ်ဆုံးတူတဲ့ AI တစ်ခုကို တောင်ကိုရီးယားချပြ
→
Latest
ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ်
ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ် ကျောင်းစာမေးခွန်းတွေ၊ နေ့စဉ်ဘဝ…
Read more
: ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ်
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့…
Read more
: Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု…
Read more
: လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.