0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
တောင်ကိုရီးယားနိုင်ငံဟာ ပညာသင်ကြားဖို့ ခရီးသွားဖို့ လုံခြုံစိတ်ချရတဲ့နိုင်ငံဖြစ်ကြောင်း (Part 2)
May 10, 2025
—
by
Milo Kevin
in
Travel
တောင်ကိုရီးယားနိုင်ငံဟာ ပညာသင်ကြားဖို့ ခရီးသွားဖို့ လုံခြုံစိတ်ချရတဲ့ တိုင်းပြည်တပြည် ဖြစ်တယ်ဆိုတာကို အချက် ၁၀ ချက်ထဲက ကျန်နေသေးတဲ့ ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။
6. လိမ်လည်လှည့်ဖြားမှု (scamming) လဲ အနည်းငယ်ဘဲ ရှိပါတယ်။
ခေတ်မီနည်းပညာလောကမှာ scamming ကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါပေမယ့် ကိုရီးယားမှာ နိုင်ငံခြားသားတွေအနေနနဲ့ လိမ်လည်လှည့်ဖြားခံရမှုမှာ အနည်းငယ်သာရှိပြီး သတိထားစောင့်ကြည့်နေပါက ရှောင်ရှားနိုင်ပါတယ်။ Craigslist တို့လို အချို့သောဆိုဒ်တွေမှာတော့ scammer တွေရှိတာကြောင့် ဒီလိုမျိုးနေရာတွေကနေ ပစ္စည်းဝယ်မယ်ဆိုရင်တော့ သေချာစွာ သတိထားသင့်ပါတယ်။ ကံမကောင်းစွာနဲ့ အလိမ်ခံရရင်လဲ ရဲကို တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာကနေ တတ်နိုင်သမျှ ကူညီပေးပါလိမ့်မယ်။
7. ရဲတွေကလဲ ကူညီ ရိုင်းပင်းလိုစိတ်ရှိကြပါ။
ကိုရီးယားမှာ ဆိုရင် ကိုယ့်မှာ အခက်အခဲ တစုံတရာ ပေါ်လို့ရှိရင် အချိန်မရွေး ရဲကို သတင်းပို့လို့ ရပါတယ်။ နေရာတိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိပြီး ရဲတွေကလဲ အလွန်အကူအညီပေးကြပါတယ်။ ကိုးရီးယားစကားမပြောတတ်ရင်တောင် ရုံးမှာ တိုင်ကြားဖို့သွားတဲ့အခါတိုင်း ဘာသာပြန်ပေးဖို့ အကူအညီပေးနိုင်တဲ့ စကားပြန်တွေရှိပါတယ်။
8. ပြည်သူ့ကျန်းမာရေးကို အလွန်အလေးထားပါတယ်။
တောင်ကိုရီးယားဟာ COVID-19 ကပ်ရောဂါကို သူတို့ရဲ့ စံပြကာကွယ်မှုတို့နဲ့ သက်သေပြထားတဲ့အတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂရုတစိုက် အလေးထားပါတယ်။ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလဲ တကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ အခြားဖြစ်စေနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများအတွက်လဲ အကောင်းမွန်ဆုံး ပြုလုပ်ထားပါတယ်။ ဒါကြောင့် ကိုရီးယားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ Bloomberg ကနေပြီးတော့ ကမ္ဘာပေါ်မှာ ဒုတိယ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့စနစ်အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတယ်။ နိုင်ငံတကာ ဝန်ဆောင်မှုတွေကို ရနိုင်တဲ့ ဆေးရုံတွေနဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေလဲ အများအပြားရှိတာကြောင့် နိုင်ငံခြားသားတွေအနေနဲ့ ဘာသာစကား အခက်အခဲ အတားအဆီးတွေကို စိုးရိမ်စရာမလိုပါဘူး။
9. အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာလဲ လုံခြုံမှုရှိပါတယ်။
ကိုရီးယားမှာ ပုဂ္ဂလိကပိုင် ကားအရေအတွက်ကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေပြီး ရေရှည်ကောင်းမွန်စေမယ့် သယ်ယူပို့ဆောင်ရေးကို ဖန်တီးရန် ကြိုးပမ်းတီထွင်လာခဲ့ပါတယ်။ အထူးသဖြင့် မြေအောက်ရထားဟာ အလွန်လုံခြုံပြီး ယာဥ်ကြောပိတ်ဆို့တာမျိုးကိုလဲ ရှောင်ရှားနိုင်ပါတယ်။ ဆိုးလ်က မြေအောက်ရထားတွေကို လေထုအရည်အသွေး ပိုမိုကောင်းမွန်စေဖို့နဲ့ ဆူညံသံတွေကို လျှော့ချဖို့ အထူးပြုပြင်ထားပါတယ်။ မြေအောက်ရထား ကင်းလှည့်အရာရှိတွေ၊ CCTV ကင်မရာတွေနဲ့ ခရီးသည်တွေ ဘေးကင်းစေဖို့အတွက် အရေးပေါ်ဖုန်းတွေ မြေအောက်ရထားရုံတွေမှာ ထားရှိထားပါတယ်။
10.သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားကနေလဲ ကင်းဝေးပါတယ်။
ကိုရီးယားမှာ နှစ်စဉ်ဖြစ်ပေါ်နေလေ့ရှိတဲ့ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်ကတော့ တိုင်ဖွန်းမုန်တိုင်းဖြစ်ပါတယ်။ ငလျင်၊ ဟာရီကိန်းနဲ့ ဆူနာမီတို့လို အန္တရာယ်ရှိတဲ့ သဘာဝဘေး အန္တရာယ်တွေကတော့ ဖြစ်ပွားလေ့မရှိပါဘူး။ ကိုရီးယားဟာ Ring of Fire (ငလျင်တွေ၊ မီးတောင် ပေါက်ကွဲမှုတွေကို ဖြစ်ပေါ်စေတာ) နဲ့လဲ ဝေးတာကြောင့် လုံခြုံစိတ်ချရတဲ့ နိုင်ငံဖြစ်ပါတယ်။ တိုင်ဖွန်း မုန်တိုင်းတွေကတော့ မေလကနေ နိုဝင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ပုံမှန်အားဖြင့် တစ်ခါတစ်ရံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေသာ အဖြစ်များပါတယ်။ 2019 ခုနှစ်မှာ တိုင်ဖွန်း Lingling၊ 2020 ခုနှစ်မှာ တိုင်ဖွန်း Bavi နဲ့ 2021 ခုနှစ်မှာ Typhoon Chanthu တို့ဟာ ဒီနှစ်တွေအတောအတွင်း ဖြစ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတွေဘဲ ဖြစ်ပါတယ်။ တိုင်ဖွန်းမဝင်ရောက်မီ အိမ်ထဲတွင်နေရန် ကြေငြာချက်တွေနဲ့ သတိပေးချက်များစွာကို ထုတ်ပြန်တာကြောင့် ကိုရီးယားမှာ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ ဘေးကင်းစွာ နေထိုင်နိုင်ပါတယ်။
အခုဖော်ပြပါခဲ့တဲ့ အကြောင်းပြချက်တွေကြောင့် ကိုရီးယားဟာ ကျောင်းသားကျောင်းသူတွေ ခရီးသွားတွေအတွက် အလုံခြုံဆုံးနိုင်ငံတစ်ခု ဖြစ်လာစေပါတယ်။ 2020 ခုနှစ်တုန်းကလဲ Forbes ကနေပြီး COVID-19 အတွက် တတိယ ဘေးအကင်းဆုံးနိုင်ငံအဖြစ် အဆင့်သတ်မှတ်ခဲ့ပါတယ်။
ကိုရီးယားကို အလည်အပတ် သွားဖို့ စိတ်ဝင်စားရင်တော့ ကျွန်တော်တို့ MyanGoal – Travel page လှမ်းလာခဲ့ပါ။
#travel #korea #myanmar #myangoal #airticket #safe #visit
←
Previous:
iPhone တွေမှာ Battery Health မကျအောင်လုပ်နည်း
Next:
ကိုရီးယားရဲ့အကောင်းဆုံးကမ်းခြေများ
→
Latest
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ် ဒီရက်ပိုင်း…
Read more
: Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ Apple က…
Read more
: Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ ကိုရီးယားဘာသာစကားကို လေ့လာနေ တဲ့သူတွေအတွက် Advanced…
Read more
: Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ Apple ဟာ…
Read more
: တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
Dongguk တက္ကသိုလ်မှာ ကျောင်းတက်ရင်းလျှောက်လည်ကြမယ် Part-2
ဒီနေ့မှာလည်း Dongguk တက္ကသိုလ်နားမှာရှိတဲ့ နာမည်ကြီးလည်ပတ်စရာနေရာတွေက်ု ထပ်မံဖော်ပြလိုက်ပါတယ်။ 5. Namsangol Hanok Village နမ်ဆန်ဂိုဟန်နိုကျေးရွာ…
Read more
: Dongguk တက္ကသိုလ်မှာ ကျောင်းတက်ရင်းလျှောက်လည်ကြမယ် Part-2
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications