ကိုရီးယားရဲ့အကောင်းဆုံးကမ်းခြေများ

တောင်ကိုရီးယားဟာ အရှေ့အာရှ ကျွန်းဆွယ် ဒေသဖြစ်ပြီး Jeju ကျွန်း နဲ့ ကျွန်းငယ်ပေါင်းများစွာ ရှိတဲ့ နိုင်ငံဘဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပထဝီဝင်တည်နေရာကြောင့် နိုင်ငံတွင်း အပန်းဖြေစရာ‌နေစရာ များစွာရှိပါတယ်။ သဘာဝဆန်ဆန် သာယာကြည်နူးဖွယ် ရှုခင်းတွေကို ခံစားရင်း ကမ်းခြေနဲ့ ပင်လယ်စာ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ အခုပြောပြမယ့်ဟာကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ။ ဒီနေ့မှာတော့ တောင်ကိုရီးယားရှိ အကောင်းဆုံး ကမ်းခြေတွေကို စုစည်းထားပါတယ်။ ကမ်းခြေမှာ အပန်းဖြေချင်ရင်တော့ ဖတ်ကြည့်လိုက်ပါ။

1. Haeundae ကမ်းခြေ (해운대해수욕장)
ကိုရီးယားရဲ့ လှပတဲ့ကမ်းခြေတွေကို ရွေးချယ်ရတဲ့အခါ ဘူဆန်က ကမ်းခြေတွေကတော့ မပါမဖြစ်ပါဘဲ။ အရှေ့တောင်ဘက် ကမ်းရိုးတန်းမှာတည်ရှိတဲ့ Busan မြို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပြီး မြို့မှာရှိတဲ့ ကမ်းခြေတွေကြောင့် နာမည်ကြီး ကျော်ကြားပါတယ်။ Haeundae ကမ်းခြေဟာလဲ ဘူဆန်ရှိ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ ဒေသခံတွေနဲ့ ခရီးသွားတွေ လာရောက်လေ့ရှိပါတယ်။ ကမ်းခြေဧရိယာတဝိုက်မှာ ဇိမ်ခံဟိုတယ်တွေကနေ တန်ဖိုးသင့် တည်းခိုခန်းတွေအထိ ရှိပါတယ်။ Haeundae ကမ်းခြေရောက်ရင် Busan Aquarium ကိုလဲ သွားသင့်ပါတယ်။
လိပ်စာ- 264 Haeundaehaebyeon-ro, Haeundae-gu, Busan (부산광역시 해운대구 해운대해변로 264)
Busan ဘူတာရုံကနေ ဘယ်လိုသွားရမလဲ ?
-Busan Metro Line 1 (Orange Line) ကနေ Sinpyeong (신평역) ကိုစီးပြီး Seomyeon Station (서면역) မှာဆင်းပါ။
-Seomyeon ဘူတာရောက်ရင် Busan Metro Line 2 (အစိမ်းရောင်လိုင်း) နဲ့ Haeundae ထိစီးပြီး Haeundae ဘူတာ (ထွက်ပေါက် 5 သို့မဟုတ် 7) မှာဆင်းပါ။

2. Busan Songdo Beach (부산송도해수욕장)
ကိုရီးယားရှိ အကောင်းဆုံးကမ်းခြေတွေထဲက နောက်ထပ်တခုကတော့ Songdo ကမ်းခြေဖြစ်ပြီး Busan မှာဘဲ ရှိတာဖြစ်ပါတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကမ်းရိုးတန်းတွေနဲ့အတူ ကမ်းခြေမှာ အပန်းဖြေနိုင်ရုံသာမက နာမည်ကြီး Jagalchi ပင်လယ်စာစျေး (자갈치시장) ကိုလဲ သွားရောက်နိုင်ပါတယ်။ လတ်ဆတ်တဲ့ပင်လယ်စာတွေ စားချင်တဲ့ သူတွေအတွက် ဒီစျေးမှာ အင်ဠယ်စာမျိုးစုံကို ရရှိင်ပါတယ်။ ဒါ့အပြင်၊ ကမ်းရိုးတန်း ဂေဟစနစ်ပန်းခြံ ဖြစ်တဲ့ Amnam Park (암남공원) မှာလဲ အပန်းဖြေနိုင်ပါတယ်။
လိပ်စာ- 100 Songdohaebyeon-ro, Seo-gu, Busan (부산광역시 서구 송도해변로 100)
Busan ဘူတာရုံကနေ ဘယ်လိုသွားရမလဲ ?
– Busan Metro Line 1 (Orange Line) ကို Sinpyeong (신평역) ထိစီးပြီး Nampo Station (남포역) မှာဆင်းပါ။
– Nampo ဘူတာကနေ Sinpyeong ကိုရောက်တဲ့ Busan Metro Line 1 (Orange Line) ကို ပြောင်းစီးပြီး Jagalchi Station (남포역) မှာဆင်းပါ။
– Busan International Passenger Terminal ကို လမ်းလျှောက်သွားပြီး Songdo ကမ်းခြေသို့ရောက်ဖို့ Songdo Beach Skywalk ဒါမှမဟုတ် Songdo Beach Cable Car ကိုစီးလို့ရပါတယ်။

3. Sokcho ကမ်းခြေ (속초해수욕장)
Sokcho ကမ်းခြေဟာ Gangwon ပြည်နယ်မှာ တည်ရှိပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက်မှာ တည်ရှိပါတယ်။ ကိုရီးယားရဲ့ ကိုယ်စားပြုကမ်းခြေတွေ အနက်မှ တစ်ခုဖြစ်တာကြောင့် နွေရာသီတိုင်းမှာ ခရီးသွား ဧည့်သည်တွေ အမြဲတမ်းဝင်ရောက်မှု ရှိပါတယ်။ Sokcho ကမ်းခြေဟာ ကြည်လင်တဲ့ရေနဲ့ သဲသောင်ပြင်ကြောင့် နာမည်ကြီးတာကြောင့် လာရောက်လည်ပတ်သူတွေအနေနဲ့ ရေကူးခြင်းနဲ့ ခရုခွံစုဆောင်းတာတွေ အများဆုံးပြုလုပ်ကြပါတယ်။

ဒီနေရာဟာ ကိုရီးယားရဲ့ လည်ပတ်စရာအကောင်းဆုံး ကမ်းခြေတွေထဲက တခုဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ ကမ်းခြေရဲ့နောက်ဘက်မှာ လမ်းလျှောက်ဖို့အတွကက် လျှောက်လမ်းပါပြုလုပ်ထားတဲ့ ထင်းရှူးတောကြီး တစ်ခုရှိတာ ကြောင့် ဒီနေရာရဲ့ အလှတရားတွေကို တဝကြီး ခံစားနိုင်လို့ပါပဲ။ ဒါ့အပြင် ပင်လယ်စာ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေလဲ အများအပြားရှိတာကြောင့် ရိုးရှင်းစွာ စားသောက်နိုင်သလို ကမ်းခြေအနီးမှာ ကော်ဖီသောက်ရင်း အနားယူနိုင်ပါတယ်။
လိပ်စာ- 190 Haeoreum-ro၊ Sokcho-si၊ Gangwon-do (강원특별자치도 속초시 해오름로 190)
ဆိုးလ်ကနေ ဘယ်လိုသွားရမလဲ ?
– Seoul Express Bus Terminal (Seoul Subway Line 3) ဒါမှမဟုတ် Gangbyeon ဘူတာမှာရှိတဲ့ Dong Seoul Bus Terminal (Seoul Subway Line 2) ကနေ Sokcho Express Bus Terminal ထိကို ဘတ်စ်ကားစီးပါ။ ဘတ်စ်ကား လက်မှတ်တွေကို ကောင်တာမှာ ဝယ်လို့ရပြီး ခရီးစဉ်ကတော့ ၃ နာရီခန့်ကြာမြင့်ပါတယ်။
– Sokcho Express Bus Terminal ကနေ Sokcho Beach သို့ 6 မိနစ်ခန့် လမ်းလျှောက်ရပါမယ်။

4. Yangyang Surfyy ကမ်းခြေ (양양서피비치)
Surfyy ကမ်းခြေဟာ Yangyang ရှိ Hajodae ကမ်းခြေရဲ့ မြောက်ဘက်မှာ surfing အတွက် 1 ကီလိုမီတာအရှည် သတ်မှတ်ထားတဲ့ ကမ်းခြေဖြစ်ပါတယ်။ ဒီလိုကမ်းခြေမျိုးဟာ ကိုရီးယားမှာ ပထမဆုံးဖြစ်ပြီး Surf School ကိုလဲ ပုံမှန်ဖွင့်လှစ်နေပြီး သင်တန်းဆရာတွေလဲအများကြီးရှိပြီး surfboard 1,000 ခန့်ရှိပါတယ်။ တက်ရောက်လိုသူတွေအတွက် အခြေခံကနေ အဆင့်မြင့်အထိ မတူညီတဲ့ လေ့ကျင့်ရေးတွေရှိပြီး လှိုင်းစီးချင်တဲ့သူတွေအတွက်လဲ ဘုတ်တွေနဲ့ ဝတ်စုံတွေကိုလဲ ငှားရမ်းနိုင်ပါတယ်။ ရေလွှာလျှောစီး ယောဂ၊ Longboard၊ Snorkeling နှင့် တခြားအစီအစဉ်တွေလဲ ရရှိနိုင်ပါသေး။
လိပ်စာ- 119၊ Hajodaehaean-gil၊ Yangyang-gun၊ Gangwon-do (강원도 양양군 현북면하조대해안길 119)
ဆိုးလ်ကနေ ဘယ်လိုသွားရမလဲ ?
– Seoul Express Bus Terminal (Seoul Subway Line 3) ဒါမှမဟုတ် Gangbyeon ဘူတာမှာရှိတဲ့ Dong Seoul Bus Terminal (Seoul Subway Line 2) ကနေ Yangyang Express Bus Terminal ကိုဘတ်စ်ကားစီးပါ။ ဘတ်စ်ကားလက်မှတ်တွေကို ကောင်တာမှာ ဝယ်လို့ရပြီး ခရီးစဥ်ကတော့ 2 နာရီခွဲလောက် ကြာပါတယ်။
– Yangyang Express Bus Terminal မှ ဘတ်စ်ကား 11၊ 77 သို့မဟုတ် 12 ကိုစီးပါ။
– Junggwangjeongri ဘူတာတွင်ဆင်းပြီး Surfyy Beach သို့ 22 မိနစ်လောက် လမ်းလျှောက်ပါ။

တောင်ကိုရီးယားရဲ့ အကောင်းဆုံးကမ်းခြေများ ဒီလောက်နဲ့ ကုန်သွားမှာ မဟုတ်ပါဘူး။ နောက်ထပ်ပြောပြမယ့် ကမ်းခြေတွေ ကျန်ပါသေးတယ်။ စိတ်လှုပ်ရှားဖွယ် activities တွေနဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ ကမ်းခြေတွေကို နောက်တပတ် ကျွန်တော်တို့ MyanGoal – Travel ကနေ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။

#beach #summer #vibe #korea #myanmar #myangoal #visit #travel


Latest