0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2/ ဆိုးလ်ရဲ့ ဆောင်းရာသီမှာ ဘာတွေသွားကြမလဲ ?
Jun 25, 2025
—
by
Milo Kevin
in
Travel
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ ဆိုးလ်ရဲ့ ဆောင်းရာသီမှာ စိတ်လှုပ်ရှားဖယ် အတွေ့အကြုံတွေကို ရရှိစေမယ့် နေရာတွေကို ထပ်မံဖော်ပြလိုက်ပါတယ်။
5.Elysian Gangchon နှင်းလျှောစီး အပန်းဖြေစခန်း
ဆိုးလ်မြို့တော်ဧရိယာနဲ့ ကပ်လျက်တည်ရှိတဲ့ Elysian Gangchon နှင်းလျှောစီး အပန်းဖြေစခန်းဟာ မြေအောက်ရထားနဲ့ သွားလာနိုင်တဲ့အပြင် ကိုရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော နှင်းလျှောစီး အပန်းဖြေစခန်း ဖြစ်ပါတယ်။ ဒီအပန်းဖြေစခန်းမှာ နေ့ချင်းပြန်ခရီး ဒါမှမဟုတ် ရက်တိုခရီးအတွက် နှင်းလျှောစီးချင်တဲ့ စကိတ်သမားတွေအတွက် အလွန်ရေပန်းစားပါတယ်။ နှင်းလျှောစီးတဲ့ တောင်စောင်းတွေ၊ နှင်းလျှောစီးတာနဲ့ ပတ်သက်တဲ့ တခြား facilities မျိုးစုံရှိပြီး ဒီအပန်းဖြေစခန်းဟာ ရာသီမရွေး လာရောက်လည်ပတ်မှုများတဲ့ နေရာဖြစ်ပါတယ်။ ဒီအပန်းဖြေစခန်းမှာ နှင်းလျှောမစီးတတ်တဲ့ သူတွေအတွက် နိုင်ငံလက်ရွေးစင်က ပရော်ဖက်ရှင်နယ် စကိတ်သမားတွေက သင်ကြားပေးတာအပြင် ကလေးတွေလဲ သင်လို့ရတဲ့ အတန်းတွေလဲ ရှိပါသေးတယ်။
တည်နေရာ- 688၊ Bukhangangbyeon-gil၊ Namsan-myeon၊ Chuncheon-si၊ Gangwon-do၊
ဖွင့်ချိန် – တနင်္လာ-ကြာသပတေးနေ့ နံနက် ၉ နာရီမှ နံနက် ၂ နာရီ၊
သောကြာ-စနေ မနက် ၉ နာရီမှ နံနက် ၄ နာရီ၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ သန်းခေါင်အထိ
6.One Mount
One Mount မှာရှိတဲ့ နှင်းဥယျာဥ်ဟာ ဖင်လန်နိုင်ငံ Rovaniemi က Santa Claus ကျေးရွာပုံစံ ဖန်တီးထားတဲ့ မြို့ပြ အပန်းဖြေဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ ဒီနှင်းဥယျာဥ်အဝင်ဝမှာ Walt Disney ရဲ့ “Frozen” ထဲက ဇာတ်ကောင်တွေဟာ လာရောက်လည်ပတ်သူတွေကို ကြိုဆိုနေမှာဘဲဖြစ်ပါတယ်။ ရေခဲစကိတ်ကွင်းနဲ့ ရေခဲကန်တွေမှာလဲ စကိတ်စီးတာ၊ နှင်းလျှောစီးတာတွေ ပြုလုပ်နိုင်ပါတယ်။ ပန်းခြံမှာ လေဆာတွေ၊ မြူတွေနဲ့ ပူဖောင်းတွေ အသုံးပြုပြီး ဥရောပမြောက်ပိုင်းကလို နှင်းကျတာ၊ Aurora ပုံစံတွေကို ပြသတဲ့ ပြပွဲတစ်ခုလည်း ရှိတဲ့အပြင် စုစုပေါင်းအရှည် 110 မီတာရှိတဲ့ Everslide မှာလဲ နှင်းလျှောစီးပြီးလဲ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေကို ခံစားနိုင်မှာပါ။
တည်နေရာ- 2606 Daehwa-dong၊ Ilsanseo-gu၊ Goyang-si၊ Gyeonggi-do၊ တောင်ကိုရီးယား
7.European Christmas Market
ဆိုးလ်မြို့လယ်ရှိ ဥရောပစတိုင် ခရစ်စမတ်ယဉ်ကျေးမှုကို ခံစားလို့ရတဲ့ European Christmas Market ဟာ Seongbukcheon စမ်းချောင်းရဲ့ Fountain Square မှာ ဒီဇင်ဘာလတိုင်း ကျင်းပတဲ့ ဆောင်းရာသီပွဲတော် တစ်ခုဖြစ်ပါတယ်။ ဂျာမနီနဲ့ ရုရှားအပါအဝင် ဥရောပနိုင်ငံ ၁၄ နိုင်ငံ သံရုံးတွေက ကမကထပြုတဲ့ ဒီပွဲတော်မှာ နိုင်ငံတစ်ခုစီရဲ့ ခရစ္စမတ်အစားအစာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ အပါအဝင် ဥရောပရိုးရာ ခရစ္စမတ်ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ဥရောပသားတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေအကြောင်း ဖလှယ်လို့ရမယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ခရစ္စမတ်အငွေ့အသက်တွေ ထည့်သွင်းထားတဲ့ Carol ဖျော်ဖြေပွဲတွေ၊ နိုင်ငံအသီးသီးက အနုပညာရှင်တွေရဲ့ ရိုးရာနဲ့Jazz ဂီတဖျော်ဖြေပွဲတွေကိုလဲ တွေ့မြင်နိုင်မှာဘဲ ဖြစ်ပါတယ်။
တည်နေရာ- Dongsomun-dong 2-ga၊ Seongbuk-gu၊ ဆိုးလ်၊
8.Seoul Plaza Ice Skating Rink
ဆိုးလ်ပလာဇာကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တော်ခန်းမမှာ တည်ရှိတာဘဲဖြစ်ပါတယ်။ ဆိုးလ်ပလာဇာမှာ လာရောက်လည်ပတ်သူတွေအတွက် ဖျော်ဖြေပွဲတွေနဲ့ ပြပွဲတွေအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ ပွဲများစွာကို လက်ခံကျင်းပတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပလာဇာမှာ ဆောင်းရာသီရောက်တိုင်း အပြင်ဘက်မှာ ရေခဲစကိတ်ကွင်းအဖြစ် ပြောင်းလဲလိုက်တာကြောင့် လူကြိုက်များ ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ စကိတ်စီးမစီးတတ်တဲ့ သူတွေအတွက်လဲ ဘေးကင်းစွာ စကိတ်စီးတတ်စေဖို့ သင်ကြားပေးမယ့် လေ့ကျင့်ရေးအစီအစဉ်တွေလည်း ရှိပါသေးတယ်။
တည်နေရာ – 110၊ Sejong-daero၊ Jung-gu၊ ဆိုးလ်
ဒီလို စိတ်လှုပ်ရှားစရာ ဆောင်းရာသီ ခရီးစဥ်တွေကို ခံစားချင်ပြီး ဆောင်းရာသီ အားလပ်ရက်ရှည်ပိတ်လို့ ကိုရီးယား သွားချင်လို့ ဖြစ်ဖြစ်၊ ကိုရီးယားကနေ ပြည်တော်ပြန်ချင်လို့ဘဲ ဖြစ်ဖြစ် လေယာဥ် လက်မှတ်ဖြတ်ချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ MyanGoal – Travel မှာ လာရောက် စုံစမ်းနိုင်ပါတယ်။
←
Previous:
အချမ်းသာဆုံး ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ပါဝင်လာတဲ့ လာဘူဘူအရုပ်ကုမ္ပဏီ ရဲ့ CEO
Next:
နာမည်ကြီး power bank ကုမ္ပဏီ Anker နဲ့ Romoss က အပူလွန်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ power bank ၁.၂ သန်းကျော်ကို ဈေးကွက်က ပြန်သိမ်း
→
Latest
Apple က “Anti-Snatching” လို့ ခေါ်တဲ့ လုံခြုံရေးစနစ်သစ်တစ်ခုကို တိတ်တဆိတ် စမ်းသပ်ပြင်ဆင်နေ
လမ်းပေါ်မှာ iPhone ကို Screen ပွင့်လျက်သား အတင်းဆွဲလုပြေးခံရတဲ့ ဒုက္ခကနေ သက်သာစေဖို့အတွက် Apple က…
Read more
: Apple က “Anti-Snatching” လို့ ခေါ်တဲ့ လုံခြုံရေးစနစ်သစ်တစ်ခုကို တိတ်တဆိတ် စမ်းသပ်ပြင်ဆင်နေ
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာတင် ဒေါ်လာ ၂၄…
Read more
: တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
လာမယ့် WWDC ပွဲကြီးမှာ ထုံးစံအတိုင်း Apple တစ်ဖွဲ့လုံးရဲ့ iPhone, iPad နဲ့ MacBook…
Read more
: OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications