အစားတလိုင်း foodie တွေအနေနဲ့ ကိုရီးယားမှာ အသားကင်စားတာကတော့ မပါမဖြစ်ပါဘဲ။ ဒါပေမယ့် ကိုရီးယား အမဲသားတွေကလဲ စျေးကြီးတဲ့ထဲပါပေမယ့် အခါအခွင့်သင့်ရင်တော့ စားကြည့်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ စာမေးပွဲပြီးလို့ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆုံစားပွဲ ဖြစ်ဖြစ် သွားစားတဲ့အခါမှာလဲ ကောင်းပါတယ်။ ဆိုးလ်မှာ အရမ်းကောင်းတဲ့ ကိုရီးယား BBQ စားသောက်ဆိုင်တွေလဲ အများကြီးရှိပါတယ်။ ဒါကြောင့် ဆိုးလ်ရဲ့ အကောင်းဆုံး ကိုရီးယား BBQ ဆိုင်တွေကို ပြောပြပေးသွားမှာမလို့ သိချင်တယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည်ကြည့်လိုက်ပါ။
1. Myeongdong မှာရှိတဲ့ DOOKUPSAM
တည်နေရာ- Myeongdong
ဆိုးလ်ရဲ့ အကောင်းဆုံး ကိုရီးယား BBQ ဆိုင် စာရင်းထဲမှာ ပထမဆုံးပါဝင်တာကတော့ ခရီးသွားတွေ အလာများတဲ့ Myeongdong မှာ တည်ရှိပြီး DOOKUPSAM လို့ခေါ်တဲ့ premium BBQ ဆိုင်ဖြစ်ပါတယ်။ Hanwoo (Korean Beef) Sirloin နဲ့ အကောင်းစား ဝက်သားအမျိုးအစားတွေ အပါအဝင် အရည်အသွေးမြင့် အသားတွေ စားဖို့အတွက် ကိုရီးယားလူမျိုးတွေအပြင် နိုင်ငံခြားသားတွေပါ ဒီဆိုင်ကို လာစားလေ့ရှိပါတယ်။
2. Maple Tree
တည်နေရာ- Itaewon
ဆိုးလ်ရဲ့ နောက်ထပ် အကောင်းဆုံး ကိုရီးယား BBQ ဆိုင်ကတော့ Maple Tree ဖြစ်ပြီး အရည်အသွေး အကောင်းဆုံး ပရီမီယံအသားအချို့လဲ ရရှိနိုင်ပါတယ်။ Menu မှာ Hanwoo ကိုရီးယား အမဲသားအပြင် Jeju ကျွန်းက အရသာစပ်ထားတဲ့ premium နံရိုးတိုနဲ့ ကိုရီးယား ဝက်မဲဗိုက်သားတွေလဲ ရရှိနိုင်ပါတယ်။ ဒီဆိုင်ကို ကိုရီးယားလူမျိုးတွေရော ကမ္ဘာလှည့်ခရီးသွားတွေရော နှစ်သက်ကြပါတယ်။ Premium အသားတွေကတော့ ကိုယ်မှာယူတဲ့ ပမာဏပေါ်မူတည်ပြီး ဈေးများပေမယ့် အရည်အသွေးကို အမှန်တကယ် ကောင်းပါတယ်။
3. Dosan Butchers
တည်နေရာ- ဂန်းနမ်
သည် Dosan Butchers ကတော့ လူသိများပြီး နာမည်ကြီး အနုပညာရှင်တွေ သာမက BTS အဖွဲ့က Junkook လဲ မကြာခဏ လာစားလေ့ရှိပါတယ်။ ဒီဆိုင်မှာ Jeju ဝက်မဲသားကြောင့် အဓိက နာမည်ကြီးပေမယ့်လည်း အမဲသား၊ တခြားအရံဟင်းလျာတွေနဲ့ စွပ်ပြုတ်တွေကလဲ အရသာရှိပါတယတယ်။
4. Saemaul စားသောက်ဆိုင်ရဲ့ Hongdae ဆိုင်ခွဲ
တည်နေရာ- Hongdae
Hongdae ရဲ့ အချက်အချာကျတဲ့ ဧရိယာမှာ တည်ရှိပြီး ဒီ BBQ စားသောက်ဆိုင်ဟာ အရသာကောင်းရုံသာမက နာမည်လဲကြီးပါတယ်။ နာမည်ဘယ်လောက်ကြီးလဲဆိုရင် ဆိုင်မှာစားဖို့ ဆိုင်ရှေ့ အပြင်ဘက်မှာ တန်းစီနေတဲ့ လူတန်းကြီးက သက်သေပါပဲ။ စျေးနှုန်းတွေလဲ သင့်တင့်ပြီး အရံဟင်းတွေလဲ free ရတဲ့အပြင် အရံဟင်းမှာပါတဲ့ တို့ဟူးကြော်စွပ်ပြုတ် ကတော့ must try ပါ။ ဒီဆိုင်မှာ Chadolbaegi (차돌백이) မီနူးကိုလဲ စမ်းစားကြည့်ဖို့ အကြံပေးပါတယ်။
ကျန်နေသေးတဲ့ ဆိုးလ်ရဲ့ အကောင်းဆုံး ကိုရီးယား BBQ ဆိုင်တွေကိုတော့ နောက်ရက်ကျရင် ထပ်မံ တင်ဆက်ပေးဦးမှာမလို့ ဘယ်ဆိုင်တွေ ဖြစ်မလဲ သိချင်ရင်တော့ စောင့်မျှော်နေကြပါနော်။
#korea #myangoal #myanmar #bbq #restaurant #seoul #food






