မြည်းစမ်းကြည့်သင့်တဲ့ အရသာရှိတဲ့ ကင်မ်ချီအမျိုးအစား 8 မျိုး

ကိုရီးယားအစားအစာလို့ ပြောလိုက်တာနဲ့ Kimchi ကင်မ်ချီဆိုတာကတော့ လူတိုင်းသိပါတယ်။ ချဉ်ချဥ်စပ်စပ် ပြုလုပ်ထားတဲ့ မုန်ညှင်းထုပ်နဲ့ လုပ်ထားတဲ့ ကင်မ်ချီဟာ လူကြိုက်အများဆုံးဖြစ်ပေမယ့်လည်း နောက်ထပ် ကင်မ်ချီအမျိုးအစား အများကြီး ရှိပါသေးတယ်။ ဒါကြောင့်မလို့ နောက်ထပ် ဘယ်လို ကင်မ်ချီအမျိုးအစားတွေ ရှိသေးလဲ သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။

1.White Kimchi | 백김치 Baekkimchi

ကင်မ်ချီဆိုတာနဲ့ နီနီရဲရဲ ချဥ်ချဥ်စပ်စပ် လို့ထင်နေရင်တော့ မှားသွားပါမယ်။ 백김치 (Baekkimchi) ကတော့ ငရုတ်သီးမှုန့် မသုံးထားတဲ့ တစ်ခုတည်းသော ကင်မ်ချီအမျိုးအစား ဖြစ်ပါတယ်။ စပ်လဲမစပ်တာကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အစာအိမ်မကောင်းလို့ အစပ်မစားနိုင်တဲ့ သူတွေအတွက်လဲ တော်တော်လေး အဆင်ပြေပါတယ်။ လူနာများနှင့် ရိုင်းစိုင်းသော နိုင်ငံခြားလူရိုင်းများပင် ဖြစ်သည်။ ဒီ White Kimchi မှာ အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေကြောင့် ဗီတာမင်တွေ ပြည့်ဝစွာပါဝင်ပြီး အအေးမိတာကိုလည်း သက်သာစေပါတယ်။ 백김치 (Baekkimchi) ကို ငါးငံပြာရည် နဲ့ ဆန်မှုန့်တွေ ထပ်ထည့်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သစ်အယ်သီးနဲ့ တရုတ်ဇီးသီးခြောက်ကိုလဲ အနံ့အရသာကောင်းစေဖို့ ကင်မ်ချီ အရွက်ကြားထဲမှာလည်း မကြာခဏ ထည့်လေ့ရှိပါတယ်။  

2.ကြက်သွန်မြိတ် ကင်မ်ချီ | 파김치 Pa Kimchi

ရှည်မျောမျော ကြက်သွန်မြိတ် ကင်မ်ချီကိုတော့ Jeolla ပြည်နယ်တောင်ပိုင်း (Jeonnam – 전남) နဲ့ Gyeongsang (경상도) ပြည်နယ်တွေမှာ နွေဦးရောက်တဲ့အချိန်မှာ အများဆုံးလုပ်စားလေ့ရှိကြပါတယ်။ ဒီကြက်သွန်မြိတ် ကင်မ်ချီဟာ အရသာကောင်းမွန်တဲ့အပြင်၊ ကြက်သွန်မြိတ်ကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အစာအိမ်လုပ်ဆောင်မှုကိုလည်း အထောက်အကူပြုကာ အားအင်တွေကို ပြန်လည်ဖြည့်တင်းစေပါတယ်။ 파김치 (Pa Kimchi) ရဲ့ အဓိကပါဝင်ပစ္စည်းကတော့ ငါးငံပြာရည်နဲ့ Gochugaru (고추가루) လို့ခေါ်တဲ့ ကိုရီးယားငရုတ်သီးမှုန့်၊ သကြား၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ဖြစ်ပါတယ်။ တခါတလေမှာတော့ အရသာပိုကောင်းဖို့အတွက် ပြည်ကြီးငါးခြောက်ကိုလဲ ည့်လေ့ရှိပါတယ်။

3.Geotjeori | 겉절이

တခြားကင်မ်ချီတွေလို အကြာကြီး လနဲ့ချီပြီး အချဉ်ဖောက်ပြီးမှ စားစရာမလိုပဲ Geotjeori | 겉절이 ကတော့ ချက်ချင်းစားလို့ရတဲ့ ထူးထူးခြားခြား ကင်မ်ချီဖြစ်ပါတယ်။ ဆားနဲ့ ခဏလေးနှပ်ပြီး တခါတလေကျရင်တော့ ပဲငံပြာရည် ခည့်စားတတ်ကြပါတယ်။ နူးညံ့ပြီး လတ်ဆတ်တဲ့ ဒီကင်မ်ချီအမျိုးအစားကို အချဥ်သိပ်မကြိုက်တဲ့သူ၊ လတ်လတ်ဆတ်ဆတ် စားချင်တဲ့ သူတွေအတွကတော့ ရွေးချယ်ချင်စရာ အရံဟင်းတစ်မျိုးဖြစ်ပါတယ်။ 

4.Cubed မုန်လာဥကင်မ်ချီ | 깎두기 Kkakdugi

ဒီကင်မ်ချီကတော့ danmuji (단무지၊ အဝါရောင်မုန်လာဥချဉ်) နဲ့ မတူဘဲ သာမန် မုန်လာဥကင်မ်ချီ အမျိုးအစားဖြစ်ပါတယ်။ မုန်လာဥကို အတုံးတုံးလေး ဖြစ်အောင် လှီးဖြတ်ထားပြီး ကင်မ်ချီပြုလုပ်တဲ့အခါမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီမုန်လာဥကင်မ်ချီ အတုံးပုံစံမျိုးမလို့ တူနဲ့ စားရတာ ခက်ပေမယ့် ဝါးလိုက်တဲ့အခါမှာတော့ ထူးခြားတဲ့ အရသာကို ပေးစွမ်းပါတယ်။ ဒီလိုအရသာရှိတာကြောင့် seolleongtang (설럴탕) နဲ့ kalguksu (칼국수) တို့လို ဟင်းလျာတွေနဲ့ တွဲဖက်စားလို့အကောင်းဆုံး ဖြစ်ပါတယ်။

နောက်ရက်တွေကျရင်လဲ ဒီလိုမျိုးထူးခြားပြီး အရသာရှိတဲ့ ကင်မ်ချီအမျိုးအစားတွေကို ပြောပြပေးဦးမှာမလို့ သိချင်သေးရင်တော့ စောင့်မျှော်နေကြပါနော်။

#korea #myangoal #myanmar #traditional #food #kimchi 


Latest