ကိုရီးယားနိုင်ငံက အယူသီးမှုများ part – 2

ကိုရီးယားနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်မှုတွေ ရှိသလို ဘာသာမဲ့တွေလဲ ပေါများတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုတိုးတက်ပြီးခေတ်မှီတဲ့ ကိုရီးယားနိုင်ငံမှာ အယူသီးမှုတွေလဲ အများကြီးရှိပါတယ်။ ဒီလိုအယူသီးမှုတွေထဲက အဖြစ်အများဆုံး 4 ခုကို အရင်ရက်က ဖော်ပြခဲ့ပြီး ဒီနေ့မှာလဲ ကျန်နေသေးတဲ့ အယူအဆတွေကို ထပ်မံပြောပြပေးသွားမှာမလို့ ဘာတွေရှောင်ရမလဲဆိုတာကတော့

5. ခြေထောက်မလှုပ်ပါနဲ့။

ကျွန်တော်တို့ လူငယ်အများစုကတော့ ထိုင်နေတဲ့အခါမှာ ခြေထောက်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးကို လှုပ်ရမ်းတတ်တဲ့ အကျင့်ဆိုးရှိပါတယ်။ ကိုရီးယားလူမျိုးတွေ ဒါမှမဟုတ် အာရှယဉ်ကျေးမှုတွေမှာ ယေဘုယျအားဖြင့် ခြေထောက်လှုပ်တာက ကိုယ့်ဆီကိုလာမယ့် ကံကောင်းခြင်းတွေကို ဝေးရာကို ဖယ်ထုတ်ဖြစ်တယ်လို့ ယူဆကြပါတယ်။  ဒါကြောင့် စကားပြောတဲ့အခါမှာဖြစ်ဖြစ် ထိုင်နေတဲ့အခါမှာဖြစ်ဖြစ် အခြေထောက်ကို ငြိမ်ငြိမ်လေးထားတာ အကောင်းဆုံးဖြစ်ပါတယ်။ 

6. ဓားတွေကို လက်ဆောင်အဖြစ် မပေးပါနဲ့။

ဒီကိုရီးယားအယူသီးမှုဟာ တခြားနိုင်ငံတွေမှာလည်း တွေ့နိုင်ပြီး လက်ဆောင်အဖြစ် ဓားတွေမပေးဖို့ အကြံပေးထားကြတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလက်ဆောင်ပေးတာက တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ဖြတ်ဖို့ ဆန္ဒရှိနေသလိုမျိုး ဖြစ်သွားမှာပါ ဖြစ်ပါတယ်။ 

7. ထမင်းပန်းကန်လုံးထဲကို ဇွန်းမစိုက်ထားပါနဲ့။

ထမင်းပန်းကန်လုံးထဲကို ဇွန်းတစ်ချောင်းစိုက်ထားတာဟာ ခန္ဓာကိုယ်မှာ ဓားစိုက်နေတဲ့ ပုံသဏ္ဍာန်နဲ့ဆင်တူပြီး သေခြင်းနဲ့ သက်ဆိုင်တဲ့ အယူအဆရှိကြပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို သေစေလိုတဲ့ ဆန္ဒရှိပုံပေါ်တာကြောင့် ဒီနည်းနဲ့ ထမင်းပန်းကန်လုံးမှာ ယဉ်ကျေးမှုမရှိရာကြပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ထမင်းပန်းကန်လုံးထဲမှာ ဇွန်းစိုက်ထည့်တာဟာ သေဆုံးသွားတဲ့ ဘိုးဘွားဘီဘင်တွေကို ကန်တော့တဲ့ ရိုးရာဓလေ့နဲ့လဲ ဆင်တူတာကြောင့် ဖြစ်ပါတယ်။

8. ညဘက်မှာ လေချွန်တာမျိုး မလုပ်ပါနဲ့။

တခြားကိုရီးယား အယူသီးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် ညဘက် လမ်းပေါ်မှာ လေချွန်သံတာဟာ တခြားလူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် မလုပ်သင့်ပါဘူး။ ဒီလိုလေချွန်တာဟာ နတ်ဆိုးတွေကို ခေါ်ဆိုတာနဲ့ ဆင်တူတာကြောင့်လဲ ဖြစ်ပါတယ်။

9. လိပ်ပြာကို ထိတွေ့ပြီးနောက် မျက်လုံးကို မထိပါနဲ့။

လိပ်ပြာရဲ့အတောင်ပံကိုထိပြီး မျက်လုံးကိုထိဖို့ဆိုတာ ဘယ်သူမှတွေးမှာမဟုတ်ပေမယ့် ဒီကိုရီးယားအယူသီးမှုအရ ဒီလိုမျက်စိကို လိပ်ပြာတောင်ပံကိုင်ပြီး ထိလိုက်မယ်ဆိုရင် အကျိုးဆက်တွေက ပြင်းထန်ပြီး မျက်စိကွယ်သွားနိုင်တယ်လို့ ယူဆကြပါတယ်။ ဒီလိုအယူအဆကတော့ ဆေးပညာအရဆို လိပ်ပြာတွေကို လက်နဲ့ထိတွေ့နဲ့အခါမှာ ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေဟာ လက်မှာကပ်ပါလာပြီး မျက်လုံးကို ထိမိဆိုရင်တော့ မျက်လုံးထဲ ပိုးဝင်နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

#korea #myangoal #myanmar #traditional


Latest