Your cart is currently empty!
realme မှ ၁၅၀၀၀ mAh ဘက်ထရီနှင့် ၈.၈၉ မီလီမီတာ အထူရှိ ဖုန်းကို မိတ်ဆက်
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က Rugged Phone မဟုတ်ဘဲ ဘက်ထရီ ၁၅၀၀၀ mAh ပါဝင်တဲ့ဖုန်း ထွက်ရှိမယ်လို့ ပြောရင် ယုံဖို့ခက်ခဲမှာပါ။ ဒါပေမဲ့ ဒီကနေ့ကျင်းပခဲ့တဲ့ realme 828 Fan Festival မှာ realme ဟာ ၁၅၀၀၀ mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတစ်လုံးကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီဖုန်းမှာ ဘက်ထရီပမာဏ အများကြီးပါဝင်တာထက် ပိုအံ့ဩစရာကောင်းတဲ့အချက်ကတော့ ဖုန်းရဲ့အထူဟာ ၈.၈၉ မီလီမီတာပဲ ရှိတာပါ။ ဒါကြောင့် ပုံမှန်မြင်တွေ့နေကျ ဖုန်းပုံစံအတိုင်းဖြစ်ပြီး ဘက်ထရီပမာဏ အများကြီးပါဝင်တာကတော့ အထူးအားရစရာပါ။
အခြားသတ်မှတ်ချက်များအနေနဲ့ ဒီဖုန်းမှာ မျက်နှာပြင် ၆.၇ လက်မ၊ Dimensity 7300 processor နဲ့ ကျောဘက်မှာ Dual Camera စနစ်တို့ကို ထည့်သွင်းထားပါတယ်။ သို့သော်လည်း realme က ဒီဖုန်းကို Concept Phone အနေနဲ့သာ ပြသထားတာဖြစ်ပြီး ဘယ်တော့ဈေးကွက်ထဲ ရောင်းချမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။






