ချွေးထုတ်ခန်းရောက်ရင် စမ်းကြည့်သင့်တဲ့ activities ၈ ခု

ဆောင်းရာသီရောက်တဲ့အခါ ကိုရီးယားလူမျိုးတွေဟာ ချွေးထုတ်ခန်းကို လာပြီးတော့ အ‌အေးဒဏ်ကနေ သက်သာစေဖို့ လာကြလေ့ပါတယ်။ ဒါပေမယ့် ဆောင်းရာသီတင်မကပဲ တစ်နှစ်ပတ်လုံးလဲ ချွေးထုတ်ခန်းမှာ လူကအပြည့်နီးပါး ရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုရီးယားမှာ ချွေးထုတ်ခန်းရောက်ရင် စမ်းကြည့်သင့်တဲ့ activities ၈ ခုကို ပြောပြလိုက်ပါတယ်။

1. ရေချိုးခြင်း။

ရေနွေးနဲ့ ရေချိုးခြင်းတာဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်လို့ ကိုရီးယားလူမျိုးတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် တစ်ချို့‌ချွေးထုတ်ခန်းတွေမှာ ရေချိုးဖို့ ရေကန်တွေရှိရုံသာမက Jacuzzi လိုမျိုးတွေပါ ရှိတတ်ပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်ချင်ရင်တော့ စမ်းသုံးခဲ့ကြည့်သင့်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ရေချိုးမယ်ဆိုရင်တော့ ကိုယ်လုံးတီးနဲ့ ချိုးရမှာမလို့ ကိုယ်လုံးတီးနဲ့ ‌ရေမချိုးချင်ရင်လဲ ဒီလိုနေရာတွေမသွားသေးပဲ တခြားနေရာတွေလဲ သွားလို့ရပါတယ်။

2. Korean Towel Sheep Head 양머리 လုပ်ကြည့်ပါ။

ကိုရီးယားဒရာမာတွေ ဒါမှမဟုတ် variety show တွေကို ကြည့်ဖူးသူတွေအတွက်တော့ ချွေးထုတ်ခန်းမှာ သိုးခေါင်းဦးထုပ်ဆောင်းထားတဲ့ အနုပညာရှင်တွေကို တွေ့ဖူးကြမှာပါ။ ဒီသိုးခေါင်းခေါင်းစွပ် ဆောင်းတာဟာ ချွေးထုတ်ခန်းရောက်ရင် လုံးဝမမေ့သင့်တဲ့ activity ဖြစ်ပါတယ်။ ချစ်စရာကောင်းလဲပြီး ဦးရေပြားကိုလဲ အပူဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ဒီလိုသိုးခေါင်းခေါင်းစွပ် ခေါက်နည်းကိုတော့ online မှာ အလွယ်တကူ ရှာနိုင်ပါတယ်။

3. Sauna

Jjimjilbang (찜질방) မှာ ondol (온돌) အခန်းတွေလိုမျိုး ဆေးဖက်ဝင်အပင်တွေ အသုံးပြုထားတဲ့ sauna မျိုးစုံလဲ ရှိပါတယ်။ “Hwangto-bang (황토방)” ဆိုရင် ရွှံ့စေးဝါကို အသုံးပြုထားပြီး သွေးလည်ပတ်မှုအားကောင်းပြီး စိတ်အပန်းပြေစေပါတယ်။ Sauna ရဲ့ ဘေးမှာလည်း အပူရှိန်ကြောင့် တင်းနေတဲ့ ကြွက်သားနဲ့ အရေပြားတွေကို ပြေလျော့စေဖို့ အအေးခန်းလဲရှိပြီး အအေးမမိအောင် ဒီအခန်းထဲ ဝင်ပြီးမှ အပြင်ထွက်ပါ။ ၄၀ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ Sauna မှာ မိနစ် 30 လောက်နေပြီး အအေးခန်းထဲမှာ 5 မိနစ်လောက် ခဏအနားယူပါ။

4. ရေနွေးငွေ့ခန်း

Jjimjilbang (찜질방) မှာ 80 ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ ရေနွေးငွေ့အခန်းတွေလည်း ရှိပါသေးတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးတယ် ဆိုပေမယ့်လည်း အပူချိန်မြင့်မားတဲ့ လူတိုင်းမနေနိုင်တာကြောင့် ကိုယ်ရဲ့ ခန္ဓာကိုယ်က ဒဏ်ခံနိုင်မှ ဝင်ကြည့်ဖို့ သတိပေးပါရစေ။

နောက်ထပ်ဘယ်လို စိတ်လှုပ်ရှားစရာ activities တွေရှိသေးလဲဆိုတာကို နောက်ရက်ကျရင် တင်ဆက်ပေးဦးမှာမလို့ စောင့်မျှော်နေကြပါနော်။

#korea #myangoal #myanmar #jjimjilbang #sauna #traditional #korean #activities


Latest