ရုရှားအခြေစိုက် ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Caviar က နှစ်သစ်ကူးအတွက် ရည်ရွယ်ပြီး ဒေါ်လာ ၁၂,၀၀၀ (မြန်မာငွေ သိန်း ၅၀၀ ဝန်းကျင်) တန်ဖိုးရှိတဲ့ ထူးခြားဆန်းပြားတဲ့ လက်ဆောင် Set ကို ထုတ်လုပ်လိုက်ပါတယ်။
ချောကလက်ကြက်ဥကြီးရဲ့ အပြင်ဘက်မှာ ၂၄ ကာရက် ရွှေရောင် Glaze သုတ်ထားတဲ့ စားလို့ရသော ပရီမီယံ ဘယ်လ်ဂျီယံ ချောကလက်ကြက်ဥကြီး ဖြစ်ပါတယ်။
ကြက်ဥကို ခွဲလိုက်ရင် အတွင်းမှာ ရွှေသော့တစ်ချောင်း ပါဝင်ပြီး အဲဒီသော့နဲ့မှ Caviar ရဲ့ အဖိုးတန် Gold Collection iPhone ထည့်ထားတဲ့ သေတ္တာကို ဖွင့်နိုင်မှာပါ။
အထဲမှာ ဘယ် iPhone မော်ဒယ်ပါမလဲဆိုတာကို ကြိုမသိနိုင်အောင် Surprise ပုံစံမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ၃ ခုတည်း သာ သီးသန့်ထုတ်လုပ်ထားတဲ့ Limited Edition ဖြစ်ပါတယ်။
စားလို့ရတဲ့ ရွှေ glaze နဲ့ အကောင်းစား ဘယ်လ်ဂျီယံချောကလက်ကို အသုံးပြုထားပါတယ်။
အတွင်းမှာပါဝင်မယ့် ဖုန်းကလည်း Caviar ရဲ့ ထုံးစံအတိုင်း ရွှေအစစ်တွေနဲ့ အလှဆင်ထားတဲ့ iPhone 15 သို့မဟုတ် 16 Pro Series များ ဖြစ်နိုင်ပါတယ်။
အခြေခံဈေးက ဒေါ်လာ ၁၂,၀၀၀ ကနေ စတင်မှာဖြစ်ပြီး အတွင်းမှာပါမယ့် ဖုန်းမော်ဒယ်နဲ့ သိုလှောင်မှု (Storage) ပေါ်မူတည်ပြီး ဈေးနှုန်း ထပ်မံ မြင့်တက်နိုင်ပါတယ်။






