Your cart is currently empty!
iPhone 17e နှင့် iPad Air အသစ်များ ထွက်ရှိတော့မည့် အရိပ်အယောင်လား ?
Apple Store ဆိုင်ခွဲအချို့မှာ လက်ရှိရောင်းချနေတဲ့ iPhone 16e နဲ့ iPad Air ပစ္စည်းလက်ကျန် (Stock) တွေ လျော့နည်းလာနေတယ်လို့ Bloomberg ရဲ့ နာမည်ကျော်သတင်းထောက် Mark Gurman က ထောက်ပြလိုက်ပါတယ်။ ဒါဟာ မကြာခင်မှာ မော်ဒယ်သစ်တွေ ထွက်ရှိလာတော့မယ်ဆိုတဲ့ အယူအဆကို ပိုပြီးခိုင်မာစေခဲ့တာပါ။
iPhone 17e မှာ ဘာတွေ ထူးခြားလာမလဲ? လာမယ့် ၂၀၂၆ နွေဦးကာလမှာ ထွက်ရှိလာဖို့ မျှော်လင့်ရတဲ့ iPhone 17e ဟာ ပိုမိုမြန်ဆန်တဲ့ A19 Processor ကို အသုံးပြုလာမှာဖြစ်သလို၊ Apple ရဲ့ ကိုယ်ပိုင် Modem စနစ်သစ်တွေလည်း ပါဝင်လာဖွယ် ရှိပါတယ်။ အထူးခြားဆုံး ပြောင်းလဲမှုအနေနဲ့ကတော့ အရင်ဘတ်ဂျက်ဖုန်း (16e) မှာ မပါဝင်ခဲ့တဲ့ MagSafe ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
iPad Air အတွက်ရော ဘာတွေ မျှော်လင့်ရမလဲ? iPad Air အသစ်အတွက်တော့ သတင်းအချက်အလက် နည်းပါးနေသေးပေမဲ့ Apple ရဲ့ N1 Networking Chip ကို အသုံးပြုပြီး Wi-Fi အမြန်နှုန်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးလာဖို့ ရှိနေပါတယ်။
Apple ဟာ ပစ္စည်းလက်ကျန်တွေကို အမြဲတမ်း စနစ်တကျ ထိန်းညှိလေ့ရှိတာကြောင့် အခုလို ပစ္စည်းပြတ်လပ်လာမှုဟာ မျိုးဆက်သစ်တွေအတွက် နေရာဖယ်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် iPhone 17e ကို စောင့်မျှော်နေတဲ့သူတွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။






