iPhone 18 Pro မှာ တွေ့ရမယ့် “Nano Island” ဒီဇိုင်းသစ်

iPhone 18 Pro မှာ တွေ့ရမယ့် “Nano Island” ဒီဇိုင်းသစ်

ဒီဇိုင်းပိုင်းမှာ အသိသာဆုံးအပြောင်းအလဲကတော့ ကျွန်တော်တို့ အကျွမ်းတဝင်ရှိနေတဲ့ Dynamic Island ပုံစံပဲ ဖြစ်ပါတယ်။

နာမည်ကြီး Leak သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Apple ဟာ Face ID အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတချို့ကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Dynamic Island ကို ၃၅ ရာခိုင်နှုန်းလောက်အထိ သေးငယ်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပြီး Nano Island လို့ အမည်ပေးထားတာပါ။

မျက်နှာပြင်ပြည့် (Full-screen) အပြောင်းအလဲကြောင့် Screen အပေါ်က အပေါက်လေးဟာ သိသိသာသာ သေးငယ်သွားမှာဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ Hole-punch ပုံစံမျိုးနဲ့ ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ Display ဧရိယာ ပိုကျယ်လာတာကြောင့် ဗီဒီယိုကြည့်တာနဲ့ ဂိမ်းဆော့တာတွေမှာ ပိုပြီး ပြည့်စုံတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

iPhone 18 Pro Series မှာ Display တင်မကဘဲ အတွင်းပိုင်းမှာလည်း TSMC ရဲ့ 2nm နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ A20 Pro Chip နဲ့ ပိုမိုကောင်းမွန်တဲ့ ကင်မရာစနစ်တွေ ပါဝင်လာဖို့ ရှိနေပါတယ်။


Latest