Selfie နဲ့ Vlog ရိုက်ရတာ ပိုလွယ်ကူစေမယ့် Selfix Case

Selfie နဲ့ Vlog ရိုက်ရတာ ပိုလွယ်ကူစေမယ့် Selfix Case
ဒီ Case ရဲ့ အမိုက်ဆုံးထူးခြားချက်ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာတင် OLED Display အသေးလေး တစ်ခု ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ အရည်အသွေးမြင့် နောက်ကင်မရာတွေကို အသုံးပြုပြီး Selfie ရိုက်တဲ့အခါမှာဖြစ်ဖြစ်၊ Vlog ရိုက်တဲ့အခါမှာဖြစ်ဖြစ် ကိုယ့်ရဲ့ပုံစံကို မျက်နှာပြင်ပေါ်မှာ ပြန်ကြည့်ပြီး စိတ်ကြိုက် ပိုစ့်ပေးနိုင်တော့မှာပါ။

အသုံးပြုရတာလည်း အရမ်းကို ရိုးရှင်းပြီး ဖုန်းရဲ့ USB-C Port ကနေတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ရုံပါပဲ။ နောက်ထပ် ထူးခြားတာတစ်ခုကတော့ ဒီ Case မှာတင် External Storage အနေနဲ့ အသုံးပြုနိုင်မယ့် Slot ပါဝင်တာကြောင့် ဖုန်း Storage ပြည့်မှာ စိုးရိမ်စရာမလိုဘဲ ဗီဒီယိုတွေကို စိတ်ကြိုက် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာလည်း MagSafe Accessories တွေနဲ့ အဆင်ပြေပြေ တွဲဖက်အသုံးပြုနိုင်အောင် ဖန်တီးထားသလို၊ Case မှာ ပါဝင်တဲ့ Screen ကိုလည်း Touch စနစ်နဲ့ အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။ ဖုန်းရဲ့ Display ကို တိုက်ရိုက် Mirror လုပ်ပေးတာဖြစ်လို့ ဘယ်လို Camera App မျိုးနဲ့မဆို အဆင်ပြေပြေ အလုပ်လုပ်နိုင်မှာပါ။ ဒါ့အပြင် Case တပ်ထားရင်းနဲ့လည်း ဖုန်းကို အားအမြန်သွင်းနိုင်မယ့် Port သီးသန့် ပါဝင်ပါသေးတယ်။


Latest