Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ

Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီး ဒီ Update ရဲ့ အထူးခြားဆုံးအချက်ကတော့ Android အသုံးပြုသူတွေနဲ့ စာရိုက်ဆက်သွယ်တဲ့အခါ ပိုမိုလုံခြုံစိတ်ချရတော့မှာပဲ ဖြစ်ပါတယ်။

အရင်က iPhone နဲ့ Android ကြား RCS Messaging နဲ့ စာပို့ရင် လုံခြုံရေးပိုင်း အားနည်းချက်ရှိနိုင်ပေမဲ့ အခု iOS 26.5 မှာတော့ End-to-End Encryption (E2EE) စနစ်ကို ပထမဆုံးအကြိမ် ထည့်သွင်းပေးလိုက်တာကြောင့် iMessage လိုမျိုးပဲ ကြားဖြတ်ဖတ်လို့မရအောင် လုံခြုံသွားပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနည်းပညာကောင်းကို လူတိုင်းချက်ချင်း သုံးနိုင်မှာတော့ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် Apple ဘက်က ပြင်ဆင်ထားပေးပေမဲ့ ကိုယ်အသုံးပြုနေတဲ့ Mobile Operator (Carrier) ဘက်ကလည်း ဒီစနစ်ကို ထောက်ပံ့ပေးဖို့ လိုအပ်နေသေးလို့ပါ။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် တချို့ဒေသတွေမှာတော့ အသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာ ဖုန်းလိုင်းတွေရဲ့ Update ကို ဆက်လက်စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။


Latest