Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု

Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ လာမယ့် မေလ ၁၂ ရက်နေ့မှာ Google ကနေ UI အသွင်အပြင်သစ်တွေ ပါဝင်လာမယ့် Android 17 ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီဗားရှင်းမှာ Liquid Glass လို့ ခေါ်တဲ့ အကြည်ရောင် Blur UI ဒီဇိုင်းကို တစ်ခုလုံးစာ ပြောင်းလဲအသုံးပြုလာမယ်လို့ သတင်းထွက်နေတာပါ။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီ Android 17 ကို အခြေခံမယ့် Xiaomi ရဲ့ HyperOS 4 မှာလည်း အဆိုပါ Liquid Glass ပုံစံ ဒီဇိုင်းသစ်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အခုလို သတင်းကို နာမည်ကြီး Leakster တွေဖြစ်တဲ့ Digital Chat Station နဲ့ Kartikey Singh တို့ကပါ အတည်ပြု ပြောကြားနေတာကြောင့် ဖြစ်နိုင်ခြေ အတော်လေး များနေပါတယ်။

ပုံမှန်အားဖြင့် Google ရဲ့ UI ပြောင်းလဲမှုတွေနောက်ကို အမြဲလိုက်လေ့မရှိတဲ့ Xiaomi က အခုလိုမျိုး Android 17 မှာ UI အသစ်ကို လိုက်ပါပြောင်းလဲဖို့ ပြင်ဆင်နေတာက အတော်လေး ထူးခြားတယ်လို့ ဆိုရမှာပါ။ ဒီ HyperOS 4 Update ကိုတော့ ၂၀၂၆ ခုနှစ်ရဲ့ တတိယ (၃) လပတ်အတွင်းမှာ တရားဝင် စတင်အသုံးပြုနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။ မိတ်ဆက်မယ့် အချိန်ကတော့ အဲ့ဒီထက် ပိုစောနိုင်တာကြောင့် Xiaomi ပရိသတ်တွေအတွက်တော့ တကယ့်ကို ရင်ခုန်စရာ အပြောင်းအလဲတစ်ခု ဖြစ်လာတော့မှာပါ


Latest