Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း

Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်းကောင်းတစ်ခု ရှိနေပါတယ်။ Samsung Galaxy ဖုန်းတွေမှာ လက်ဟန်ခြေဟန် ဒါမှမဟုတ် အသံနဲ့တင် ခလုတ်နှိပ်စရာမလိုဘဲ ဓာတ်ပုံရိုက်နိုင်မယ့် Selfie Gestures စနစ်ကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ဒီစနစ်ကို အသုံးပြုဖို့အတွက် ဦးစွာ Camera App ထဲက Settings ထဲကိုဝင်ပြီး “Shooting methods” ဆိုတဲ့ ကဏ္ဍကို ရှာဖွေရမှာပါ။ အဲ့ဒီနောက်မှာတော့ “Voice commands” နဲ့ “Show palm” ဆိုတဲ့ လုပ်ဆောင်ချက်နှစ်ခုလုံးကို ဖွင့်ပေးလိုက်ရုံပါပဲ။

ဒီလိုပြင်ဆင်ပြီးသွားရင်တော့ “Smile”၊ “Cheese”၊ “Capture” ဒါမှမဟုတ် “Shoot” လို့ အသံထွက်ပြောရုံနဲ့တင် ဖုန်းရဲ့ အရှေ့ကင်မရာရော အနောက်ကင်မရာပါ အလိုအလျောက် ဓာတ်ပုံရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ကင်မရာကို လက်ဝါးလေး ထောင်ပြလိုက်ရုံ ဒါမှမဟုတ် “Record video” လို့ ပြောလိုက်ရုံနဲ့လည်း ဓာတ်ပုံရိုက်တာ ဒါမှမဟုတ် ဗီဒီယိုဖိုင်မှတ်တမ်းတင်တာတွေကို ခလုတ်နှိပ်စရာမလိုဘဲ အဝေးကနေ အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


Latest