Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု

Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ ဓာတ်ပုံထဲက ကိုယ်အလိုရှိတဲ့ အရာဝတ္ထုကိုပဲ သီးသန့် ဖြတ်ထုတ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ပုံထဲက အစိတ်အပိုင်းတွေကို Clipboard ထဲ ကူးယူဖို့ ဒါမှမဟုတ် ပုံအသစ်အနေနဲ့ သိမ်းဆည်းဖို့အတွက် အလွန်ပဲ အသုံးဝင်လှပါတယ်။ iPhone ရဲ့ iOS 16 မှာ လူကြိုက်များခဲ့တဲ့ Visual Lookup လုပ်ဆောင်ချက်နဲ့ ဆင်တူတာကြောင့် Samsung ဖုန်းတွေမှာပါ အခုလို အသုံးပြုနိုင်တာက အတော်လေး သဘောကျဖို့ ကောင်းပါတယ်။

ဒီလို ဓာတ်ပုံထဲက အရာဝတ္ထုတွေကို ဖြတ်ထုတ်ဖို့အတွက် အရင်ဆုံး ဓာတ်ပုံတစ်ပုံကို ဖွင့်လိုက်ပြီး ကိုယ်ဖြတ်ယူချင်တဲ့ အစိတ်အပိုင်းပေါ်မှာ ခေတ္တဖိထားရုံပါပဲ။ အဲ့ဒီအခါမှာ ပုံထဲက အရာဝတ္ထု ဖြတ်ထုတ်ခံလိုက်ရပြီဆိုတာကို Animation လေးနဲ့ ပြသပေးပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ လက်ကိုလွှတ်လိုက်တာနဲ့ ဖြတ်ထုတ်လိုက်တဲ့ အစိတ်အပိုင်းကို Clipboard ထဲ ကူးယူမလား ဒါမှမဟုတ် ပုံအသစ်အနေနဲ့ သိမ်းဆည်းမလားဆိုတဲ့ ရွေးချယ်စရာလေးတွေ ပေါ်လာမှာ ဖြစ်ပါတယ်။


Latest