ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal-Edu ကနေပြီးတော့ ကိုယ်တိုင် (self-learnig နဲ့ ) ကိုရီးယားစာကို လေ့လာချင်သူတွေအတွက် ဘယ်ကဘယ်လို စလေ့လာရမလဲဆိုတာကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ ကိုရီးယားဘာသာစကားကို ကိုယ်တိုင်လေ့လာမယ်ဆိုရင်တော့ ပထမဆုံးခြေလှမ်းအနေနဲ့ အက္ခရာ(hangul) ကိုလေ့လာရမှာ ဖြစ်ပါတယ်။ Hangul မှာ ဗျည်း ၁၉ လုံး နဲ့ သရ ၂၁ လုံး တို့ပါဝင်ပါတယ်။
ကိုရီးယားဘာသာစကားကို ကိုယ်တိုင်လေ့လာတဲ့အခါမှာလဲ နားထောင်မှုစွမ်းရည် (listening skill)ကို မြှင့်တင်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ စာအုပ်တွေမှာပါတဲ့ အသံဖိုင် လေ့ကျင့်ခန်းတွေအပြင် အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုရီးယားဒရာမာတွေ၊ ရုပ်ရှင်တွေ၊ variety ရှိုးတွေကို ကြည့်ခြင်း ဖြစ်ပါတယ်။ ဒီရှိုးတွေ၊ ရုပ်ရှင်တွေ၊ ကိုရီးယားဒရာမာတွေကလဲ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့အတွက် လေ့လာသင်ယူရလွယ်ကူပါတယ်။ တကူးတက လေ့လာစရာ မလိုတော့ဘဲ အပန်းဖြေ ရုပ်ရှင်ကြည့်ရင်း လေ့လာသွားနိုင်ပါတယ်။
Viki.com မှာဆိုရင် ဒရာမာများစွာကိုကြည့်နိုင်ပြီး learning mode ဖွင့်ထားရင် ကိုရီးယားစာတန်းထိုးနဲ့ပါ ကြည့်နိုင်ပါတယ်။ ကိုရီးယားသီချင်းတွေကို နားထောင်ပြီးလဲ စကားလုံးအသစ်တွေကို လေ့လာပြီး ကိုယ်ရဲ့ ကိုရီးယားဘာသာစကား နားလည်နိုင်စွမ်းကို တိုးတက်စေတဲ့အတွက် အသုံးဝင်ပါတယ်။ နာမည်ကြီး K-pop သီချင်းတွေကြောင့် နားထဲ၊ ပါးစပ်ထဲ ထိထိမိမိ မှတ်မိနိုင်ပါတယ်။
ကိုရီးယားဘာသာစကားကို လေ့လာရင် စကားလုံးတွေ၊ စကားစုတွေကို လေ့လာဖို့ K-drama တွေ၊ variety ရှိုးတွေကို ကြည့်ရှုရုံသာမက အခြေခံသဒ္ဒါတွေ (Grammer) ကိုလဲ လေ့လာဖို့ လိုအပ်ပါတယ်။ ကိုရီးယားဘာသာစကားကို ကိုယ့်ဘာသာ တကယ်ကြိုးစား လေ့လာချင်တယ်ဆိုရင်တော့ Talk To Me In Korean မှာ free resources တွေနဲ့ စတင် လေ့လာနိုင်ပါတယ် ။ သင်ခန်းစာတွေကလဲ အလွန်ရှင်းလင်းပြီး self-learing လုပ်တဲ့သူတွေအတွက်လဲ အထောက်အကူဖြစ်စေအောင် သေချာ ရှင်းပြထားပါတယ်။ သင်ခန်းစာတစ်ခုစီမှာ PDF ဖိုင်နဲ့ အသံဖိုင်တစ်ခု ပါရှိပါတယ်။ ဒါကြောင့် သင်ခန်းစာမှာ ပါဝင်တဲ့ စာလုံးပေါင်းတွေနဲ့ အသံထွက်တွေရဲ့ အသုံးအနှုန်းကို သေချာလေ့လာနိုင်ပါတယ်။
ဒါ့အပြင် ကိုရီးယားစာလေ့လာဖို့ အချိန်အများကြီးမရှိရင်လဲ ကျောင်းသွားတဲ့လမ်းမှာ ဒါမှမဟုတ် အလုပ်သွားတဲ့လမ်းမှာ အသံဖိုင်တွေကို အမြဲနားထောင်နိုင်ပါတ။ ဒီအရာတစ်ခုတည်းလုပ်ပြီးတော့ ကိုရီးယားဘာသာစကားကို လုံးဝကျွမ်းကျင်စေဖို့ အာမခံနိုင်မည်မဟုတ်ပေမယ့် ဒီနည်းလမ်းကနေ ကိုရီးယားဘာသာစကားကိုလေ့လာဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။
online ကနေ လေ့လာတာမျိုးမဟုတ်ဘဲ စာအုပ်တွေနဲ့ လေ့လာချင်ရင်လဲ စာအုပ်တွေ အများကြီးရှိပါတယ်။ Talk To Me In Korean၊ Korean From Zero နဲ့ Korean Grammar In Use တို့ကတော့ အတော်လေး အဆင်ပြေ ကောင်းမွန်ပါတယ်။ ကိုးရီးယားကို အမှန်တကယ် စတင်လေ့လာဖို့ ဆုံးဖြတ်ပြီးရင်တော့ စာတွေ့လေ့ကျင့်ခန်းလဲ လုပ်ရမှာဖြစ်တဲ့အတွက် စာအုပ်တွေက မရှိမဖြစ်လိုအပ်ပါတယ်။
ကိုရီးယားစာလေ့လာတဲ့အခါ စကားလုံးတွေ ကြွယ်ဝဖို့၊ စကားပြော လေ့ကျင့်ခြင်းဖို့လဲ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုမျိုး ကိုယ်တိုင် လေ့လာလို့ရမလဲ၊ ဘယ် app တွေကနေလဲ လေ့လာလို့ရမလဲဆိုတာကို နောက်နေ့မှာ ဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ သိချင်သေးရင်တော့ ဆက်ဆက် စောင့်မျှော်ပေးကြပါဦးနော်။
ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






