ကိုရီးယားစာကို အခုမှလေ့လာကြည့်မယ့် beginner level သမားတွေရှိကြလား🤔? ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ ကိုရီးယား ဘာသာစကားကို beginner level ရှိတဲ့သူတွေအတွက် လေ့လာလို့ကောင်းမယ့် website 4 ခုကို ဖော်ပြလိုက်ပါတယ်။ ဘယ် website တွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ အဆုံးထိဖတ်ကြည့်လိုက်ပါ။
🔹 Loecsen- Beginner
Beginner level သမားတွေအတွက် Loecsen ကတာ့ ကိုရီးယား ဘာသာစကား သင်တဲ့အခါမှာ အခြေခံ အကျဆုံးဖြစ်တဲ့ Hangul နဲ့ စတင်လေ့လလာနိုင်ပါတယ်။ ၎င်းသည် ဆိုက်၏ အသားနှင့် အာလူးများသို့ မပြောင်းမီ များကိုပါ ပါ၀င်သည်- နေ့စဉ် အသုံးပြုနေကျ စကားအသုံးအနှုန်းတွေ မလေ့လာခင် ဝေါဟာရတွေနဲ့ သဒ္ဒါ အခြေခံတွေကို အရင်ဆုံး သင်ကြားနိုင်ပါ။ ကိုယ်လေ့လာတဲ့ ကိုရီးယား အက္ခရာတွေရဲ့ အသံထွက်တွေကို နားထောင်နိုင်မယ့်အပြင် စကားလုံးအသစ် ဒါမှမဟုတ် စကားစု အသစ်တွေကိုလဲ သင်ယူရာမှာ ပိုမိုကောင်းမွန်စွာမှတ်မိစေဖို့အတွက် စာတွေကို ပုံနဲ့ တွဲရက် ပြသထားပါတယ်။
Link – https://www.loecsen.com/en/learn-korean
🔹 Go! Billy Korean – Beginner
ဒီ website ကတော့ ဒေသခံ ကိုရီးယားလူမျိူး မဟုတ်ဘဲ နိုင်ငံခြားသားက သင်ပေးတဲ့ website ဖြစ်ပါတယ်။ Billy ဟာ ဘာသာစကား သင်ယူခြင်းအပေါ် ထူးခြားတဲ့ အမြင်ရှိပြီး ရှုပ်ထွေးတဲ့ သဒ္ဒါပုံစံတွေကို အင်္ဂလိပ် ဘာသာစကားနဲ့ ရှင်းပြထားပါတယ်။ Go! Billy Korean website ကတော့ ကိုရီးယား ဘာသာစကား သင်ကြားတဲ့ပုံစံဟာ လူနေမှုဘဝနဲ့ ခရီးသွားလာရင်း ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးဆန်ဆန် ဖြစ်ပါတယ်။ Website အပြင် ပုံနှိပ်နဲ့ eBook အနေနဲ့ ရရှိနိုင်တဲ့ “Korean Made Simple” လို့ခေါ်တဲ့ စာအုပ်ကိုလဲ လေ့လာ ကြည့်ရှုနိုင်ပါတယ် ။ ဒါ့အပြင် ဒီစာအုပ်ကို audiobooks အနေနဲ့လည်း အခမဲ့ download လုပ်နိုင်ပါတယ်။
Link – https://gobillykorean.com/
🔹 ilanguages – Beginner
ကိုရီးယား ဘာသာစကားကို အခြေခံက စူးစမ်းလေ့လာလိုပါက ဒါမှမဟုတ် အသုံးဝင်တဲ့ ကိုရီးယား စကားစုတွေကို တတ်နိုင်သမျှ မြန်မြန်လေ့လာ လိုချင်ရင်တော့ beginner level သမားအတွက် အကောင်းဆုံးဖြစ်ပါတယ်။ စကားလုံးတွေ၊ စကားစုတွေနဲ့ သဒ္ဒါအသစ်ကို လေ့လာတာမှာ အထောက်အကူဖြစ်စေဖို့ flashcards 220 ခန့်ရှိပါ။ သင်ပြီးသလောက် ကိုယ်ဘယ်လောက် မှတ်မိလဲ ဆိုတာ စမ်းသပ်ဖို့ ပဟေဠိတွေကိုလဲ ဖြေဆိုနိုင်ပါတယ်။
Link – https://ilanguages.org/korean.php
🔹 My Languages – Beginner
My Languages website ကနေလဲ ကိုရီးယား ဘာသာစကားကို Hangul ကနေ နေ့စဉ်သုံးစကားစုတွေအထိ အခြေခံကို ကောင်းစွာ နားလည်နိုင်ပါတယ်။ ဒီ website ကနေ သင်ခန်းစာတွေကို နားထောင်လိုသူတွေ အတွက်လဲ “Audio” နဲ့ “Radio” tab တစ်ခု ရှိပါတယ်။ ကိုယ်သင်ထားတဲ့ သင်ခန်းစာတွေကို လက်တွေ့လုပ်ဆောင်ဖို့ “Game” ဆိုတဲ့ tab ကိုနှိပ်ပြီး ပျော်ပျော်ရွှင်ရွှင် လိုက်ပါလေ့ကျင်နိုင်ပါတယ်။
Link – https://mylanguages.org/learn_korean.php
ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






