လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge

Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု ထုတ်ပေးလိုက်ပါပြီ။ ဒီ Badge လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အကောင့်တုတွေ၊ Bot တွေနဲ့ AI အကောင့်တွေကြားထဲမှာ တကယ့်လူ အကောင့်တွေကို သီးသန့် ခွဲခြားပေးချင်လို့ပါ။
အသက် ၁၈ နှစ်ပြည့်ပြီး Facebook စည်းမျဉ်းတွေနဲ့ မငြိသူတိုင်း ရယူနိုင်ပြီး၊ App ထဲက Verification ကနေ Selfie ဗီဒီယိုအတိုလေး ရိုက်ပို့ပေးရုံနဲ့တင် မိနစ်ပိုင်းအတွင်းမှာတင် Meta က တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ အတည်ပြုပြီးတာနဲ့ ကိုယ့် Profile အပြင် Marketplace၊ Dating နဲ့ Groups တွေမှာပါ ပေါ်လာမှာဖြစ်ပြီး၊ နောက်ပိုင်းကျရင် Feed ပို့စ်တွေရဲ့ အကောင့်ဘေးမှာပါ အမည်းရောင် Badge လေးကို မြင်တွေ့ရတော့မှာပါ။
ဒါပေမဲ့ ဒီ Badge ဟာ အကောင့်ပိုင်ရှင်ကို စိတ်ချရပါတယ်လို့ အာမခံပေးတာမျိုး မဟုတ်ဘဲ တကယ့်လူသုံးနေတာပါလို့ပဲ ပြပေးတာပါ။ လစဉ်ကြေးပေးရတဲ့ Meta Verified လိုမျိုး အပြာရောင် Mark နဲ့ အကောင့်ပုံတူ ကူးရယူတာတွေကို ကြိုတင်ကာကွယ်ပေးတဲ့ စနစ်တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ စက်ကြောင်းအချို့မှာပဲ စတင်ပေးထားပြီး မကြာခင်မှာ တစ်ကမ္ဘာလုံးဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။


Latest