Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်

Pegasus လိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အစိုးရအဆင့် အထူးထောက်လှမ်း စပိုင်ဝဲလ်တွေနဲ့ သင့် iPhone ကို ပစ်မှတ်ထား စောင့်ကြည့်ခံနေရပြီဆိုရင် Apple က သင့်ဖုန်းရဲ့ Lock Screen ပေါ်မှာ၊ Settings ထဲမှာနဲ့ Apple Account စာမျက်နှာတွေပေါ်မှာ သတိပေးစာကို တိုက်ရိုက် ပြသပေးတော့မှာပါ။

ဒီလို သတိပေးချက်မျိုးကိုတော့ စပိုင်ဝဲလ်နဲ့ ချောင်းကြည့်ခံရဖို့ အခွင့်အရေး ပိုများတဲ့ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သံတမန်တွေနဲ့ နိုင်ငံရေးသမားတွေအတွက် သီးသန့် ရည်ရွယ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple က သတိပေးစာ ပို့ရုံတင်မကဘဲ ဖုန်းထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူမခံရအောင်နဲ့ ဖုန်းစနစ်ကို အပြင်လူတွေ မနှိုက်နိုင်အောင်လို့ Lockdown Mode ကိုပါ ချက်ချင်း ဖွင့်ထားကြဖို့ အကြံပြုထားပါတယ်။


Latest