iPhone 18 Pro နဲ့ Pro Max တို့ဟာ Main Camera နည်းပညာနဲ့ iOS Camera App ပိုင်းမှာ အပြောင်းအလဲများစွာ ယူဆောင်လာခဲ့ပြီး ဓာတ်ပုံဆရာ Austin Mann ကတော့ ဒီအသစ်အဆန်းတွေအကြောင်း ကောင်းမွန်တဲ့ သုံးသပ်ချက်တစ်ပုဒ်ကို ထုတ်ပြန်လိုက်ပါတယ်။
ဓာတ်ပုံဆရာ Austin Mann ဟာ နှစ်စဉ်နှစ်တိုင်း iPhone ရဲ့ Camera Feature သစ်တွေအကြောင်း ဓာတ်ပုံလှလှလေးတွေနဲ့အတူ အသေးစိတ် သုံးသပ်ချက် ထုတ်ပြန်လေ့ရှိပါတယ်။
Variable Aperture Feature အသစ်နဲ့ ပတ်သက်ပြီး Mann ကတော့ –
“Aperture ကို Auto မှာပဲ ထားရိုက်ဖို့ အကြံပြုချင်ပါတယ်။ Camera က အခင်းအကျင်းတစ်ခုအတွက် အကောင်းဆုံး Aperture ကို ရွေးချယ်ရာမှာ အရမ်း အရမ်းကို တော်လွန်းလို့ အချို့နေရာတွေမှာ ကျွန်တော့်ထက်တောင် ပိုတော်နေတာပါ။ ညစာစားပွဲမှာ ဆိုရင်တော့ f/1.48 ကို Auto ရွေးပေးသွားပါလိမ့်မယ်။ အလင်းရောင်နဲ့ Depth အလုံအလောက်ရှိတဲ့ အပြင်ဘက်မှာဆိုရင်တော့ အရာအားလုံးကို Focus ဝင်နေအောင် f-stop ပိုမြင့်တာကို ရွေးပေးပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် iPhone 18 Pro ရဲ့ Wider Aperture အသစ်နဲ့ ရိုက်ကူးထားတဲ့ Colorado ရဲ့ ညဘက် ကောင်းကင်ယံ ပုံလှလှလေးတွေကိုလည်း သူက မျှဝေပေးထားပါတယ်။
iPhone 18 Pro နဲ့ Pro Max တို့မှာပဲ သီးသန့် ပါဝင်လာတဲ့ Pro Control တွေထဲက Manual Focus ပါဝင်လာတာကို တွေ့ရတဲ့အတွက် Mann က အထူးပဲ စိတ်လှုပ်ရှားခဲ့ရပါတယ်။
“ဓာတ်ပုံဆရာတွေ အမေးများဆုံး Feature တွေထဲက တစ်ခုကတော့ Exposure နဲ့ Focus ကို သီးသန့် ခွဲခြားနိုင်တဲ့ စွမ်းဆောင်ရည်ပါပဲ။ အခုတော့ ဒါကို ပြုလုပ်လို့ ရသွားပါပြီ။ သမားရိုးကျ Manual Focus ချိန် (တော်တော်လေး အဆင်ပြေတဲ့ Focus Peaking နဲ့) ပြီးရင် Exposure ချိန်ချင်တဲ့နေရာကို Tap လုပ်လိုက်ရုံပါပဲ” လို့ ဆိုပါတယ်။
Photographic Styles 3 အကြောင်း ဖော်ပြရာမှာတော့ Tyler Stalman လို တခြား သုံးသပ်သူတွေနည်းတူ ဓာတ်ပုံတွေကို Film လိုက်နေတဲ့ ပုံစံမျိုး ဖန်တီးနိုင်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ Mann ကလည်း ဒါကို ထောက်ခံထားပြီး အကောင်းဆုံး Film Effect ရရှိဖို့ အောက်ပါ Tip လေးတွေကို မျှဝေပေးထားပါတယ် –
“-1.0 လောက်နဲ့ မှောင်မှောင်ရိုက်ပါ၊ Aperture ကို f/1.48 နဲ့ Wide Open ထားရိုက်ပါ။ Manual Focus ကို သုံးပါ၊ ဒါက ပုံကို အနည်းငယ် ပိုပြီး နူးညံ့သွားစေမှာပါ (ဒါက အဆင်ပြေပါတယ်)။”
“Photographic Styles တွေကို Apply လုပ်နိုင်ဖို့ HEIF နဲ့ ရိုက်ပါ။”
“ပြီးရင် Post-editing ကျရင် D-Pad ပေါ်က အစက်လေးကို အောက်ခြေ ညာဘက်အစွန်းအထိ ရွှေ့လိုက်ပါ။ ဒါက Tone-mapping (HDR Look လို့လည်း ခေါ်ပါတယ်) ကို လျှော့ချပေးပြီး Shadows တွေကို ပိုမို နက်မှောင်စေကာ Highlights တွေကို လင်းလက်သွားစေမှာပါ။”
“တစ်ခါတစ်လေ အလွန်အမင်း ဖြစ်သွားတတ်တဲ့ Halation ကို လျှော့ချဖို့ Film Effect ကို နည်းနည်း ပြန်လျော့လို့ရပါတယ်။”
Austin Mann ရဲ့ Video Review ကိုလည်း သူ့ရဲ့ Social Media မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Mann ရဲ့ Review အပြည့်အစုံမှာ Focus Tracking, Apple Reference Image, 4K Time-lapse နဲ့ တခြား Feature တွေအကြောင်းကိုလည်း ပါဝင် ဖော်ပြပေးထားပါတယ်။






