Tim Cook ဟာ White House Dinner ကို တက်ရောက်ခြင်းဖြင့် John Ternus ကို အငြင်းပွားဖွယ်ရာ ကိစ္စတွေကနေ ကာကွယ်ပေးထား

Tim Cook ရဲ့ Apple CEO ဘဝတုန်းက ခက်ခဲတဲ့ အစိတ်အပိုင်းတစ်ခုကတော့ Immigration Policy နဲ့ DEI လို ကိစ္စတွေမှာ ကုမ္ပဏီရဲ့ Value တွေကို ထိန်းသိမ်းရင်း White House ရဲ့ ဒေါသ မထွက်အောင် ဟန်ချက်ညီညီ ထိန်းကျောင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

အခု Executive Chairman အဖြစ် ရာထူးသစ်မှာတော့ အစိုးရနဲ့ အဆက်အသွယ် ပြုလုပ်ရတဲ့ တာဝန်ကို သူ ဆက်လက် ရယူထားတာကြောင့် CEO အသစ်ဖြစ်သူ John Ternus ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်မှု ပေးထားနိုင်ပါတယ်။

Cook ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက စတင်ခဲ့တာပါ။ ဥပမာပြောရရင် ၂၀၁၈ တုန်းက US ရဲ့ Immigration Policy နဲ့ အလေ့အထတွေ ပြောင်းလဲမှုဟာ Apple ဝန်ထမ်း ထောင်ပေါင်းများစွာကို သက်ရောက်မှု ရှိခဲ့ပါတယ်။ Tim Cook ဟာ ဒီပြောင်းလဲမှုတွေက “Apple ဝန်ထမ်း ထောင်ပေါင်းများစွာအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတယ်” အပြင် “ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်” လို့ အစိုးရအဖွဲ့ဆိုင်း စာရေးသားခဲ့တဲ့ CEO တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း Trump က Apple အနေနဲ့ DEI Policy တွေကို စွန့်လွှတ်သင့်တယ်လို့ ပြောခဲ့စဉ်က Cook ဟာ ဒီလို စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူက ကုမ္ပဏီအနေနဲ့ ဥပဒေ ပြောင်းလဲမှုမှန်သမျှကို လိုက်နာမှာဖြစ်ပေမဲ့ ကုမ္ပဏီရဲ့ Value တွေကိုတော့ အလျှော့အတင်း လုပ်မှာမဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။


Latest