iPhone Duo ကို ခေါက်စမ်းသပ်စက်ထဲမှာ အကြိမ် ၂၀,၀၀၀ အထိ ခေါက်ပြီးပြီ – Galaxy Z Fold 8 ကို ယှဉ်နိုင်မလား?

iPhone Duo ကို ခေါက်စမ်းသပ်စက်ထဲမှာ အကြိမ် ၂၀,၀၀၀ အထိ ခေါက်ပြီးပြီ – Galaxy Z Fold 8 ကို ယှဉ်နိုင်မလား?

Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ဟာ ပြီးခဲ့တဲ့ သောကြာနေ့က စတင် ထွက်ရှိခဲ့ပြီး တန်းစီဝယ်ယူသူတွေနဲ့ ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ CNET ရဲ့ Lab Director ဖြစ်သူ Matthew Murray တို့ အဖွဲ့ဟာ Kentucky ပြည်နယ်၊ Louisville မှာရှိတဲ့ Testing Lab မှာ စမ်းသပ်ဖို့အတွက် Apple Store မှာ ၃ နာရီကြာ တန်းစီပြီး ဖုန်းကို သွားရောက် ဝယ်ယူခဲ့ကြတာပါ။

အဓိက မေးခွန်းကတော့ “iPhone Duo ကို ဘယ်နှကြိမ်အထိ ခေါက်လို့ရမလဲ?” ဆိုတာပါပဲ။ စနေနေ့ မွန်းလွဲပိုင်း အချက်အလက်တွေအရတော့ စမ်းသပ်စက်ထဲမှာ အကြိမ် ၂၀,၀၀၀ အထိ ခေါက် စမ်းသပ်ပြီးသွားပြီ ဖြစ်ပါတယ်။

CNET အဖွဲ့ဟာ ခေါက်ဖုန်းတွေရဲ့ Hinge နဲ့ Screen နှစ်ခုရဲ့ ခိုင်ခံ့မှုကို စနစ်တကျ စမ်းသပ်ဖို့အတွက် “Fold-a-Phone” လို့ အမည်ပေးထားတဲ့ သီးသန့် စမ်းသပ်စက်ကို ကိုယ်တိုင် တည်ဆောက်ထားတာပါ။ ဒီစက်ကို တရားဝင် ပြိုင်ဘက်ဖြစ်တဲ့ Samsung ရဲ့ Galaxy Z Fold 8 အပြင် iPhone Duo ကိုပါ စမ်းသပ်ဖို့ အသုံးပြုနေတာ ဖြစ်ပါတယ်။

စမ်းသပ်မှု ပြုလုပ်ပုံ

• စက်မှာ ဖုန်းကို ၁ နာရီမှာ အကြိမ် ၉၀၀ နှုန်းနဲ့ ပွင့်လိုက်၊ ပိတ်လိုက် ခေါက်ပေးနေတာ ဖြစ်ပါတယ်။

• ဖုန်းကို ၁ စက္ကန့် ဖွင့်၊ ၁ စက္ကန့် အပြည့်ပွင့်၊ ၁ စက္ကန့် ပိတ်၊ ၁ စက္ကန့် အပြည့်ပိတ် ဆိုပြီး ၄ စက္ကန့်မှာ ၁ ကြိမ် နှုန်းနဲ့ ပုံမှန် လူတွေ သုံးစွဲပုံအတိုင်း အပူလွန်ကဲမှု မရှိအောင် စမ်းသပ်တာပါ။

• ဖုန်းတစ်လုံးစီအတွက် အတိအကျ တိုင်းတာပြုလုပ်ထားတဲ့ 3D-printed Sled တွေနဲ့ တပ်ဆင်ထားပြီး လျှပ်စစ်မီး ပျက်သွားရင်တောင် စမ်းသပ်မှု မရပ်တန့်အောင် EcoFlow Power Station နဲ့ ချိတ်ဆက်ထားပါတယ်။

လက်ရှိ ခေါက်ဖုန်းအများစုဟာ အကြိမ် ၂၀,၀၀၀,၀ မှ ၅၀,၀၀၀,၀ အထိ ခေါက်နိုင်တယ်လို့ ထုတ်လုပ်သူတွေက ဆိုကြပါတယ်။ Apple ဘက်ကတော့ iPhone Duo ရဲ့ ခေါက်နိုင်တဲ့ သက်တမ်း ပမာဏကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးတာကြောင့် CNET ရဲ့ ဒီ စမ်းသပ်မှုဟာ သုံးစွဲသူတွေအတွက် အလွန် အသုံးဝင်တဲ့ အချက်အလက်တွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။


Latest