iPhone 18 Pro Max က သမိုင်းတစ်လျှောက် အားသွင်းတာ အမြန်ဆုံး iPhone ဖြစ်လာခဲ့ပြီ

iPhone 18 Pro Max က သမိုင်းတစ်လျှောက် အားသွင်းတာ အမြန်ဆုံး iPhone ဖြစ်လာခဲ့ပြီ

Apple ရဲ့ iPhone 18 Pro Max က ယခင်ထွက်ခဲ့သမျှ iPhone တွေထဲမှာ Charge လုပ်ရတာ အမြန်ဆုံး ဖြစ်လာပါတယ်။ X ပေါ်က Ice Universe ရဲ့ Post တစ်ခုအရဆိုရင် ဒီ Device ဟာ Battery 0 ကနေ 50% ရောက်ဖို့ ၁၅ မိနစ်ပဲ ကြာပါတယ်။ ဒါဟာ Apple က Announcement လုပ်တုန်းက ပြောခဲ့တဲ့အတိုင်းပါပဲ။

iPhone 18 Pro Max ဟာ 34% ရောက်ဖို့ ၁၀ မိနစ်ပဲ ကြာပြီး ၅၅ မိနစ်အကြာမှာ 100% Charge ပြည့်သွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ Charging Process လုံးဝ ရပ်တန့်သွားဖို့ကတော့ ၇၆ မိနစ် ကြာပါတယ်။ အရင် ထွက်ခဲ့တဲ့ Model ရဲ့ Review တုန်းကဆိုရင် ၁၅ မိနစ်မှာ 38% ပဲရပြီး 100% ပြည့်ဖို့ ၇၂ မိနစ် ကြာခဲ့တာပါ။ Peak Power အနေနဲ့လည်း အရင်က 35W ပဲ ရခဲ့ပေမဲ့ အခု iPhone 18 Pro Max ကတော့ 52W အထိ ရောက်သွားတာကို တွေ့ရပါတယ်။

ဒါကတော့ သိပ်တော့ မဆန်းပါဘူး။ iPhone 18 Pro Max မှာ iPhone 17 Pro Max ထက် ပိုကြီးတဲ့ Battery ပါဝင်လာသလို၊ Efficiency ပိုကောင်းတဲ့ 2nm Chip ကိုလည်း သုံးထားလို့ပါ။ ဘာပဲဖြစ်ဖြစ် Apple က နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ Charging Speed ပိုင်းကို နောက်ဆုံးတော့ သေချာ Attention ပေးလာတာ မြင်ရတာ ဝမ်းသာစရာပါပဲ။

ယှဉ်ကြည့်ရရင်တော့ Galaxy S26 Ultra က ၁၅ မိနစ်မှာ 51% ရောက်ပြီး 100% ပြည့်ဖို့ ၄၃ မိနစ်ပဲ လိုတာမို့ လောလောဆယ်တော့ ပိုမြန်နေသေးတာ အမှန်ပါပဲ။ ဒါပေမဲ့ Galaxy S26 Ultra က iPhone ထက် Battery Size ပိုသေးတာကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။


Latest