Apple ဟာ “Apple Service and Repair for iPhone” ရဲ့ Support Page မှာ iPhone 18 Pro နဲ့ iPhone 18 Pro Max တို့အတွက် ပြုပြင်ထိန်းသိမ်းခ စျေးနှုန်းတွေကို Update ပြုလုပ်လိုက်တာကြောင့် Battery လဲလှယ်ခ စျေးပိုကြီးလာတာကို တွေ့ရပါတယ်။
iPhone 18 Pro ရဲ့ Battery လဲလှယ်ခ $10 စျေးပိုလာ
MacRumors ရဲ့ ဖော်ပြချက်အရ Apple ရဲ့ Website မှာ iPhone 18 Pro နဲ့ iPhone 18 Pro Max တို့အတွက် Battery Service Fee ကို $129 လို့ သတ်မှတ်ထားတာကြောင့် iPhone 16 Pro, iPhone 16 Pro Max, iPhone 17 Pro နဲ့ iPhone 17 Pro Max တို့ရဲ့ $119 ထက် $10 စျေးပိုလာတာပါ။
ဒီ $129 စျေးနှုန်းဟာ Warranty သက်တမ်းကုန်သွားတဲ့ ပြုပြင်မှုတွေအတွက် အကျုံးဝင်တာဖြစ်ပါတယ်။ Apple ကတော့ နောက်ဆုံး ကျသင့်မယ့် ပြုပြင်ခကို သတ်မှတ်ဖို့ ဖုန်းကို စစ်ဆေးသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
iPhone 18 Pro အတွက် ပြုပြင်ခ စျေးနှုန်းတွေကတော့ –
Battery service – $129
Back glass damage – $159
Rear camera damage – $249
Screen damage – $329
Screen and back glass damage – $419
Other damage – $849
iPhone 18 Pro Max အတွက် ပြုပြင်ခ စျေးနှုန်းတွေကတော့ –
Battery service – $129
Back glass damage – $159
Rear camera damage – $249
Screen damage – $379
Screen and back glass damage – $469
Other damage – $899
iPhone သစ်တွေအတွက် Apple ရဲ့ EU Tech Specs အချက်အလက်တွေအရ iPhone 18 Pro မှာ 4,056 mAh Battery ပါဝင်ပြီး iPhone 18 Pro Max မှာတော့ 5,391 mAh Battery ပါဝင်လာပါတယ်။ ဒါဟာ iPhone 17 Pro ရဲ့ 3,988 mAh နဲ့ iPhone 17 Pro Max ရဲ့ 4,823 mAh တို့ထက် ပိုမို များပြားလာတာပါ။






