Xiaomi 18 Pro မှာ Rear Display ဆက်ပါလာပြီး AI App Generator စနစ်သစ် ပါဝင်လာမယ်လို့ သိရပါတယ်

Xiaomi 18 Pro နဲ့ ပတ်သက်တဲ့ သတင်းသစ်တွေ စတင်ထွက်ပေါ်လာခဲ့ပြီး မနှစ်က Xiaomi 17 Series မှာ စတင် မိတ်ဆက်ခဲ့တဲ့ Rear Display စနစ်ကို ဆက်လက် ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။ 

Android ဖုန်းအများစုဟာ ထူးခြားတဲ့ Feature တစ်ခုခုကို မိတ်ဆက်ပြီးရင် နောက်မျိုးဆက်တွေမှာ ချက်ချင်း ပြန်ဖြုတ်ပစ်လေ့ ရှိကြပေမဲ့ Xiaomi ကတော့ ဒီစနစ်ကို ဆက်လက် ယူဆောင်လာခဲ့တာမို့ ပိုမို ရင့်ကျက်လာတဲ့ Brand တစ်ခုအဖြစ် မြင်ရနိုင်ပါတယ်။

ယခု Xiaomi 18 Pro Series မှာတော့ Rear Display ရဲ့ Customization စနစ်ကို AI နည်းပညာနဲ့ ပေါင်းစပ်ပြီး ပိုမို အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ မိမိတို့ လိုချင်တဲ့ App အမျိုးအစားကို စာသား (Prompt) ရိုက်ထည့်ရုံဖြင့် AI က သီးသန့် “AI Generated App” များကို ဖန်တီးပေးသွားမည့် စနစ် ပါဝင်လာမည် ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ရေသောက်ဖို့ သတိပေးတဲ့ App၊ အစားအသောက် မှတ်တမ်းတင်တဲ့ App နဲ့ သီးသန့် Timer App မျိုးကို စိတ်ကြိုက် ဖန်တီးသုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ Xiaomi 17 Series တုန်းက Preset ပါဝင်ပြီးသား Widget များနှင့် App များကိုသာ သုံးစွဲခဲ့ရသလိုမျိုး ယခုစနစ်မှာလည်း ပိုမို အသုံးဝင်လာမှာဖြစ်ပါတယ်။ 

ဒီစနစ်ဟာ သာမန် ကြော်ငြာပြရုံ Feature (Gimmick) တစ်ခု မဟုတ်ကြောင်းကိုလည်း Xiaomi ဘက်က အချက်အလက်များဖြင့် တုံ့ပြန်ထားပါတယ်။ 

Rear Display ပေါ်ရှိ App Card အသုံးပြုမှုက တစ်နေ့ကို ၄ သန်းကျော်ရှိပြီး Wallpaper အသုံးပြုမှုက ၃.၅ သန်းကျော်အထိ ရှိနေသဖြင့် သုံးစွဲသူများအကြား အမှန်တကယ် ရေပန်းစားနေတဲ့ စနစ်တစ်ခု ဖြစ်ကြောင်း ပြသနေပါတယ်။ ဒါ့ကြောင့် Xiaomi အနေဖြင့် ယခင်မျိုးဆက်ရဲ့ အောင်မြင်မှုကို အခြေခံပြီး Xiaomi 18 Pro Series မှာ နောက်ထပ် အဆင့်တစ်ခုသို့ ဆက်လက် တိုးမြှင့်ဖန်တီးလိုက်တယ်လို့ မြင်မိပါတယ်။ 


Latest