Android ခေါက်ဖုန်းတွေ ထွက်လာတာ ၈ နှစ်လောက် ရှိနေပြီဆိုပေမဲ့ Apple ရဲ့ iPhone Duo ထွက်လာတဲ့အခါမှပဲ ခေါက်ဖုန်းတစ်လုံးရဲ့ တကယ့် အလားအလာကို မြင်လိုက်ရသလိုပါပဲ။ သာမန် Spec တွေ ကြမ်းပြရုံတင် မဟုတ်ဘဲ သုံးစွဲသူ Experience ပေါ် အသေးစိတ် အာရုံစိုက်ထားတဲ့ Apple ရဲ့ အလေ့အထကို ဒီဖုန်းမှာ အထင်အရှား တွေ့ရပါတယ်။
ဖုန်းကို မသုံးဘဲ ဒီအတိုင်း စားပွဲပေါ် တင်ထားချိန်မှာတောင် StandBy Mode ကို Cover Display ရော Foldable Display မှာပါ အပြည့်အဝ အသုံးချလို့ရအောင် လုပ်ပေးထားတာကြောင့် အလှပြ Gadget တစ်ခုလို ပါးနပါးန သုံးလို့ရသွားပါတယ်။ ဒါ့အပြင် ခေါက်ထားရာကနေ ဖြန့်လိုက်တဲ့အခါ မသက်ဝင်တဲ့ တခြားခေါက်ဖုန်းတွေနဲ့ မတူဘဲ Hinge Angle Sensor တွေက ဖုန်းခေါက်ထားတဲ့ ဒီဂရီကို microsecond အလိုက် တိုင်းတာပြီး Blur & Fade Animation လေးနဲ့ အလိုအလျောက် Layout ပြောင်းပေးတာဟာ သုံးရတာ တကယ်ကို စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။
ခေါက်ဖုန်းတွေရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်တဲ့ အလင်းပြန်မှုနဲ့ ခေါက်ရာ (Crease) ပြဿနာကိုလည်း Nano-Texture Matte Finish သုံးပြီး အလင်းပြန်တာကို လျှော့ချလိုက်တာကြောင့် ခေါက်ကျိုးရာကို ကြည့်ရတာ အရင်ဖုန်းတွေလို ဆိုးမနေတော့ပါဘူး။ ဒါတွေဟာ Hardware နဲ့ Software ကို အချိုးကျကျ ပေါင်းစပ်ပြီး အသုံးပြုသူတွေအတွက် တကယ် အကျိုးရှိမယ့် စနစ်တွေကိုပဲ အဓိကထား စဉ်းစားပေးတတ်တဲ့ Apple ရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။






