iPhone Duo ရဲ့ Case တွေနဲ့ အဆင်ပြေအောင် ပြုလုပ်ထားတဲ့ Hidden Display Setting အကြောင်း

Apple ရဲ့ အသစ်ထွက်လာတဲ့ iPhone Duo ရဲ့ Display Settings ထဲမှာ ရှေ့မျက်နှာပြင် Screen ရဲ့ ဘယ်ဘက်အစွန်းမှာ မဲနက်တဲ့ အနားသတ်လိုင်းလေး (black border) ကို အနည်းငယ် တိုးပေးနိုင်မယ့် Special Option တစ်ခု ပါဝင်လာတာကို တွေ့ရပါတယ်။

ဒီ Setting လေးကိုတော့ Blogger Nicolas Lellouche က ပြီးခဲ့တဲ့ အပတ် Apple ၏ iPhone Event အပြီး ဖုန်းကို လက်တွေ့ စမ်းသပ်ကြည့်ရှုချိန်မှာ Display & Brightness Menu ထဲကနေ စတင် တွေ့ရှိသွားခဲ့တာပါ။

“Shift Left Edge” လို့ ခေါ်တဲ့ ဒီ Setting ကို ဖွင့်လိုက်ရင် မဲနက်တဲ့ အနားသတ်လိုင်း အကျယ်က နှစ်ဆနီးပါး ပိုကျယ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဖုန်းမှာ တပ်ဆင်ထားတဲ့ Case တွေကြောင့် Screen ရဲ့ ဘယ်ဘက် အစွန်းပိုင်းကို အနည်းငယ် ဖုံးသွားခဲ့ရင်တောင် iOS ရဲ့ မူလ Back Swipe Gesture ကို သုံးစွဲရတာ ပုံမှန်အတိုင်း အဆင်ပြေနေအောင် Apple က စဉ်းစားပေးထားတာပါ။

Apple ဘက်ကတော့ iPhone Duo အတွက် သီးသန့် Case နှစ်မျိုးဖြစ်တဲ့ iPhone Duo Case နဲ့ Folio with Kickstand ဆိုပြီး တရားဝင် မိတ်ဆက်ထားပါတယ်။

အဆိုပါ Apple ရဲ့ ကိုယ်ပိုင် Case တွေက Screen ရဲ့ ဘယ်ဘက်အစွန်းကို ဖုံးအုပ်သွားမလားဆိုတာ မရေရာသေးပေမဲ့ Apple အနေနဲ့ သူတို့ ကိုယ်ပိုင် Case တွေကိုတော့ ဒီလိုမျိုး ဖြစ်အောင် ဒီဇိုင်းထုတ်ထားမှာ မဟုတ်ပါဘူး။ ပိုပြီး ဖြစ်နိုင်တာကတော့ အပြင်ဘက် တခြား Third-party ကုမ္ပဏီတွေက ထုတ်တဲ့ ထူထူထဲထဲ အကာအကွယ် Case တွေ တပ်ဆင်တဲ့အခါ အနားသတ်တွေ ဖုံးသွားတတ်တာမျိုးကို ကာမိစေဖို့ Apple ဘက်က ကြိုတင် စဉ်းစားပေးထားတာ ဖြစ်နိုင်ပါတယ်။

iPhone Duo ရဲ့ ပထမဆုံး Review တွေ အပြင်မှာ ထွက်လာတဲ့အခါကျရင်တော့ ဒီအချက်ကို အတိအကျ သိရှိရတော့မှာပါ။ iPhone Duo ကို လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ Pre-order စတင် လက်ခံသွားမှာ ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ စတင် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။


Latest