Tom’s Guide နဲ့ TechRadar တို့ရဲ့ Joint Interview မှာ Apple CEO သစ် John Ternus နဲ့ Marketing Chief Greg Joswiak တို့က Apple ဘက်က ခေါက်ဖုန်းထုတ်ဖို့ ဘာကြောင့် အခုမှ ရွေးချယ်ခဲ့တာလဲ၊ Design Philosophy က ဘာလဲဆိုတာနဲ့ iPhone Duo ရဲ့ သတင်းတွေကို မပေါက်ကြားအောင် ဘယ်လို ထိန်းသိမ်းခဲ့ကြလဲဆိုတာတွေကို ရှင်းပြသွားပါတယ်။
Ternus ရဲ့ ပြောကြားချက်အရ ထုတ်ကုန်တစ်ခု ထုတ်လုပ်မယ့် အချိန်အခါဆိုတာ Apple ရဲ့ Quality, Durability နဲ့ Design Standard တွေနဲ့ ကိုက်ညီတဲ့အချိန်မှပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ Device ဟာ သူတို့အတွက် အရာရာကို အသစ်ပြန်လည် စဉ်းစားဖန်တီးခွင့်ရတဲ့ အခွင့်အလမ်းကြီးတစ်ခု ဖြစ်ခဲ့တာပါ။ Joswiak ကလည်း တခြား ခေါက်ဖုန်းထုတ်လုပ်သူတွေရဲ့ ဖုန်းတွေကို ကြည့်လိုက်တဲ့အခါ စိတ်ဓာတ်တက်ကြွစရာ လုံးဝ မကောင်းခဲ့တာကြောင့် Apple အနေနဲ့ Approach နှစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပထမတစ်ခုကတော့ ဖုန်းနှစ်လုံးကို အကွက်မကျဘဲ ကပ်ထားသလို ဖြစ်နေတဲ့ ဒီဇိုင်းမျိုး မဟုတ်ဘဲ ပိုကျယ်တဲ့ 1:1.4 Aspect Ratio ကို အသုံးပြုတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ တခြား ခေါက်ဖုန်းတွေနဲ့ လုံးဝ မတူညီတဲ့ Software Experience မျိုး ရရှိအောင် ဖန်တီးခဲ့တာပါ။
ခေါက်လို့ရတဲ့ Display ပိုင်းနဲ့ ပတ်သက်ပြီး Inner Screen ရဲ့ အပေါ်ယံအလွှာမှာ Glass မဟုတ်ဘဲ Polymer ကို သုံးထားတာကြောင့် Nano-texture Finish အတွက် နည်းလမ်းအသစ်ကို တီထွင်ခဲ့ရတယ်လို့ Ternus က ဆိုပါတယ်။ ပြိုင်ဘက် ခေါက်ဖုန်းတွေရဲ့ Surface တွေဟာ အရည်အသွေးနိမ့် ပလတ်စတစ်စိမ်းလို ဖြစ်နေပြီး အထိအတွေ့ မကောင်းဘဲ ခေါက်ရာတွေ မညီမညာ ထင်နေတာပါ။ Nano-texture စနစ်ကတော့ အဲဒါတွေကို လုံးဝ မရှိအောင် ပြုလုပ်ပေးထားပြီး ညီညာချောမွေ့မှု၊ အထိအတွေ့ ကောင်းမွန်မှုနဲ့ ကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါတယ်။
Joswiak ကတော့ ဒီ Project ကို လျှို့ဝှက်ထားနိုင်ခဲ့လို့ တကယ်ကို ဂုဏ်ယူမိကြောင်း ပြောပါတယ်။ သူတို့အနေနဲ့ Extra Security တွေ သုံးခဲ့သလို ဘာမှမဆိုင်တဲ့ Code Name အဆန်းတွေ သုံးပြီး ဘာမှ မပေါက်ကြားအောင် ထိန်းခဲ့တာပါ။ Leaker တွေဘက်က 1:1.4 Aspect Ratio ကို မှန်းမိသွားချိန်မှာတော့ ပိုပြီး တင်းတင်းကျပ်ကျပ် လျှို့ဝှက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
$1,999 ကနေ စတင်မယ့် ဈေးနှုန်းနဲ့ ပတ်သက်လို့ Ternus က တခြားဖုန်းတွေထက် ဈေးကြီးပေမဲ့ တန်ဖိုးနဲ့ ယှဉ်ရင် တကယ်တန်ကြောင်း ပြောသွားပြီး Joswiak ကလည်း “iPhone Duo လို့ အမည်ပေးထားတာ အကြောင်းရှိပါတယ်။ ဒါဟာ Product နှစ်ခုကို ပေါင်းစပ်ထားတာပါ” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
iPhone Duo ကို လာမယ့် အောက်တိုဘာ ၁၆ ရက် (သောကြာနေ့) မှာ Pre-order စတင်နိုင်မှာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ တရားဝင် စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။






