

ဟာနာဘဏ် ကိုရီးယား➡️ မြန်မာ ပြည်ပငွေလွှဲဝန်ဆောင်မှု
“ပြုလုပ်နိုင်သော ဝန်ဆောင်မှု ။
– ဟာနာဘဏ်စာအုပ်/ဘဏ်ကတ် လုံးဝမရှိသေးသူများအတွက် ဘဏ်စာအုပ်/ဘဏ်ကတ် အသစ် ပြုလုပ်ပေးခြင်း။
– သင်တန်းကျောင်းမှာ ပတ်စပို့ဖြင့် ဘဏ်စာအုပ် ပြုလုပ်ထားပြီး အိုင်ဒီကတ်ဖြင့် အချက်အလက် မပြောင်းရသေးသူများအတွက် အချက်အလက်ပြောင်းခြင်းနှင့် လိုအပ်သော အချက်အလက်များ စာရင်းသွင်းပေးခြင်း
– ငွေစုစာအုပ်ပြုလုပ်ပေးခြင်း
– အင်တာနက်ဘဏ်ကင်းနှင့် ပြည်ပငွေလွှဲ မချိတ်ရသေးသူများအား ချိတ်ဆက်ပေးခြင်း
– ဘဏ်ကတ်/အကြွေးဝယ်ကတ် လိုအပ်သူများအား ကတ်လျှောက်ပေးခြင်း
ယူဆောင်လာရမည့် အချက်အလက်များ။
– အိုင်ဒီကတ်
– ပတ်စပို့ (ပတ်စပို့ အသစ်ထုတ်ထားသူများ အဟောင်းရော၊ အသစ်ပါ ယူဆောင်လာပါ)
– အလုပ်စာချုပ်
– အလုပ်ထောက်ခံစာ (စာအုပ်/ကတ် လုံးဝမရှိသေးလို့ အသစ်လုပ်မည့်လူများ မဖြစ်မနေယူဆောင်လာရန်)
– ပြည်တွင်း တစ်ရက် သုံးသိန်းသာ ငွေလွှဲနိုင်သည့် အကောင့်အား ပမာဏတိုးရန် လျှောက်ထားခြင်း (ဟာနာဘဏ်စာအုပ်ဖြင့် လစာ ၃လဆက်တိုက် လက်ခံထားပြီး ဖြစ်ရမည်။ ပတ်စပို့၊ အိုင်ဒီနဲ့ အလုပ်ထောက်ခံစာ (재직증명서) မပါမဖြစ် ယူဆောင်လာရမည်။)
မပြုလုပ်နိုင်သော ဝန်ဆောင်မှု ။
– အိုင်ဒီရော ပတ်စပို့ပါ သက်တမ်းကုန်နေပါက မည်သည့် ဘဏ်ဝန်ဆောင်မှုမှ မပြုလုပ်နိုင်ပါ။
– ပတ်စပို့ဖြင့် ဘဏ်စာအုပ် လျှောက်လိုပါက ပတ်စပို့ သက်တမ်း အနည်းဆုံး ၆လ ကျန်ရပါမည်။ သက်တမ်း၆လအောက်ကျန်သူများ ဘဏ်စာအုပ် အသစ် ပြုလုပ်၍ မရနိူင်ပါ။
– ဘဏ်ပတ်စဝတ် မှားနှိပ်ထား၍ လော့ကျနေခြင်း/ အေတိီအမ်တွင် ဘဏ်ပတ်စဝတ် ၄လုံး မှားနှိပ်ထား၍ ဘဏ်ကတ်လော့ကျနေခြင်း/ ဘဏ်ပတ်စဝတ် အသစ်ပြင်ဆင်သတ်မှတ်ခြင်း ဝန်ဆောင်မှု မရရှိနိူင်ပါ။ မိမိ ပတ်စဝတ်အား မိမိကိုယ်တိုင် ဘဏ်ရှိ ဂဏန်းနှိပ်စက်မှာ နှိပ်ပြီးပြင်မှသာ ရတော့မှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
⭐မှတ်ချက်။ ။ ဟာနာဘဏ် မြန်မာတာဝန်ခံနှင့်အတူ ဘဏ်ဝန်ထမ်းမှ တိုက်ရိုက် လာရောက် ဝန်ဆောင်မှုပေးမှာဖြစ်သောကြောင့် ဝန်ဆောင်ခ လုံးဝ ပေးရန်မလိုပါ။ သို့သော် ဘဏ်စာအုပ် လုံးဝ မရှိသေးလို့ ခုမှ စာအုပ်နဲ့ ကတ်အသစ် ပြုလုပ်ရမည့်သူများအနေဖြင့် ၂သောင်းတန်ငွေစု စာအုပ် တွဲပြီး လုပ်ဆောင်ရမှာဖြစ်ပြီး OTP ကတ်ဖိုး 6150 ရှိပါသဖြင့် ၃သောင်း ယူဆောင်လာရမှာ ဖြစ်ပါတယ်။
📣အထက်တွင် ဖော်ပြထားသော ယူဆောင်လာရမည့် အချက်အလက်များ ပြည့်စုံအောင် ယူဆောင်လာမှသာ ဝန်ဆောင်မှု ပြည့်စုံစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။”
khin@hanafn.com














Leave a Reply
You must be logged in to post a comment.