Your cart is currently empty!
한국에 계신 미얀마 사람들은 현재 미얀마가 겪고 있는 지진으로 인해 많은 영향을 받고 있습니다. 재난을 돕기 위해 한국에 본사를 둔 MyanGoal은 한 걸음 더 나아가 지진 피해자들에게 재정, 식량지원을 제공할 것입니다.
우리 팀은 기부를 할 것이고, 또 판매되는 수익금을 따로 기부할 예정입니다. 따라서 한국에 거주하는 미얀마 시민으로서 다른 관점에서 미얀마에 기여하고 싶다면 MyanGoal 에서 필요한 물품을 구매하신다면 판매금의 일부는 기부금으로 사용되게 됩니다. MyanGoal은 모두가 안전하게 지내길 기원합니다.
…………………………………………………….
MyanGoal မှာ အမြဲဝယ်ယူအားပေးခဲ့တဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များရှင့် လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက ငလျင်ဘေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရောက် မြန်မာများအနေနဲ့ များစွာ စိတ်ထိခိုက်ရပါတယ်။
ယခုဖြစ်ပေါ်လာသော ဘေးများကို ကူညီဖေးမဖို့အတွက် ကိုရီးယားအခြေစိုက် MyanGoal အနေနဲ့ တစ်ဖက်တစ်လှမ်းကနေ ငလျင်သင့်ပြည်သူများအတွက် ငွေအား၊ ရိက္ခာတို့ဖြင့် ပါဝင်ကူညီပေးသွားမှာဖြစ်ပါတယ်။
လှူဒါန်းပေးသွားမှာကတော့ Team အနေနဲ့လည်း မတည်ပြီးတော့ လှူဒါန်းပေးသွားမှာ ဖြစ်တဲ့အပြင် Customer တွေ ဝယ်ယူအားပေးတဲ့ ရောင်းရငွေတွေကိုလဲ ထည့်သွင်းလှူဒါန်းသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုရီးယားရောက်ရွှေမြန်မာများ တစ်ဖက်တစ်လှမ်းကနေ မြန်မာနိုင်ငံအတွက် ပါဝင်လှူဒါန်းချင်တယ်ဆိုရင်တော့ MyanGoal မှာ လိုအပ်တာဝယ်ရင်းနဲ့လည်း ပါဝင်လှူဒါန်းလို့ရနိုင်ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ MyanGoal မိသားစုမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။






