Your cart is currently empty!
ကိုရီးယားရဲ့ ရာသီဥတုနဲ့ ဝတ်စားဆင်ယင်မှု ကို ပြောရမယ်ဆိုရင် အားလုံး သိပြီးတဲ့အတိုင်း ရာသီဥတုအနေနဲ့ လေးမျိုးရှိပြီး နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းတို့ ဖြစ်ပြီး နွေရာသီနဲ့ ဆောင်းရာသီကလွဲရင် ကျန်တဲ့ ခြောက်လက နေလို့ အတော်ကောင်းပါတယ်။
ဝတ်စားဆင်ယင်မှု အနေနဲ့လည်း ရာသီပေါ်လိုက်ပြီး ပြောင်းလဲတတ်တာလည်း သဘာဝမို့ပါပဲ။ ဒါမယ့် မိတ်ဆွေတို့အနေနဲ့ ကိုရီးယားကိုရောက်ရင် အရောင်တွေပျောက်သွားသလို ခံစားရပါလိမ့်မယ်။ အရာရာကို အဖြူအမဲလိုလိုပဲ မြင်နေရပါလိမ့်မယ် ပြီးတော့ မွဲခြောက်ခြောက် အရောင်တွေကိုတော့ အသက်ကြီးပိုင်းတွေ ဝတ်လေ့ရှိကြပြီး သူတို့အတွက်လည်း ဖက်ရှင်က သီးသန့်ရှိပါတယ်။
နွေဦးဆို အေးမြမြလေးမို့ ပေါ့ပါးတဲ့ အဝတ်အစားလေးတွေ ဝတ်လာနိုင်ပြီး နွေကျ အသေပူတာမို့ ပန်ကာ တကားကားနဲ့ ခြေပြောင် စလစ်ပါစီးပြီး ထွက်ရပါလိမ့်မယ်။ ဆောင်းဦးကျလည်း တဖန် ရှိုးထုတ်လို့ ကောင်းပြန်ပါပြီ ကုတ်အရှည်လေးတွေနဲ့ Hoodie ရောင်စုံလေးတွေနဲ့ လှပနေတတ်ပြီး ဆောင်းကျ အအေးလွန်ပေမယ့် ရှိုးထုတ်ချင်ထုတ်ရပြန်ပါတယ် ထူထူထဲထဲ အဝတ်တွေ မာဖလာတွေ နားအုပ်တွေ ခေါင်းစွပ်တွေ စသဖြင့် နှင်းဖွေးဖွေးကြားမှာ လှနေဆဲပါပဲဗျာ။
အဝတ်အစားတွေကို စျေးချိုးစွာဝယ်နိုင်ဖို့ကတော့ တနည်းပဲ ရှိပါတယ် နွေဝတ်ကို ဆောင်းမှာဝယ်ပြီး ဆောင်းဝတ်ကို နွေမှာဝယ်ပါ အထူးသဖြင့် ရာသီကုန်ခါနီးချိန်မှာဆို ပိုပြီးစျေးချိုပါတယ်။ (ဒါမယ့် တော်တော်များများအဲလို မဝယ်ကျပါဘူးဗျာ)







Leave a Reply
You must be logged in to post a comment.