ဆေးဆိုင်နဲ့ ဆေးရုံများ အကြောင်း

ကိုရီးယားမှာ ဖျားနာတဲ့အခါ အသုံးပြုနိုင်တဲ့ နေရာတွေက ဆေးဆိုင်နဲ့ ဆေးရုံ အပြင်မရှိပါဘူးဗျ၊ မြန်မာမှာလို အထွေထွေကုတဲ့ ဆေးခန်းပုံစံမျိုးလည်းမရှိပဲ သူ့အပိုင်းနဲ့သူ ဖွင့်ထားကြတဲ့ ဆေးရုံ အသေးစားလေးတွေလည်း ရှိကြပါတယ်၊ ဖွင့်ချိန်နဲ့ နားရက်ကတော့ ဆေးရုံပေါ်မှာ မူတည်ပြီး ကွာခြားပါတယ်၊ ဒါဆို ဘာဖြစ်ရင် ဘယ်သွားရမလဲ ဆိုတာကို ပြောပြပေးသွားပါ့မယ်ဗျ။
~ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ ဖျားနာတာတွေ အတွက်ကတော့ 내과 လို့ ခေါ်တဲ့ နေရာကို သွားရမှာ ဖြစ်ပြီး
~ အရိုးအဆစ်အကြောနဲ့ ပတ်သတ်တာဆိုရင်တော့ 정형외과 ကို သွားရမှာဖြစ်ပါတယ်
~ မျက်စိနဲ့ ပတ်သက်တာဆို 안과 ဖြစ်ပြီး
~ အမျိုးသမီးနဲ့ ပတ်သက်တာဆို 산부인과 ကို သွားရမှာဖြစ်ပြီး
~ သွားနှင့်ပတ်သက်တာဆိုရင်တော့ 치과ကို သွားရမှာဖြစ်ပါတယ်
~ ပြင်ပထိခိုက်ဒဏ်ရာတွေ အတွက်ကတော့ 외과 သွားရမှာဖြစ်ပြီး
~ အရေပြားနဲ့ ပတ်သက်တာမျိုး plastic surgery မျိုးဆိုရင်တော့ 피부과နဲ့ 성형외과 ကိုသွားရမှာ ဖြစ်ပါတယ်ဗျ။
Sunday လိုနေ့မျိုးတွေက ဆေးရုံကြီးတွေရော ဆေးရုံအသေးစားတွေပါ ပိတ်တတ်တဲ့ ရက်ဖြစ်လို့ အရေးပေါ်ဖြစ်တဲ့အခါ 119ကို ဖုန်းဆက်ပြီး အကူအညီရနိုင်ပြီး 응급실 လို့ ခေါ်တဲ့ အရေးပေါ်ကူသဌာနာကို သွားရမှာဖြစ်ပြီး ငွေကြေးတော့ ပိုမို ကုန်ကျနိုင်ပါတယ်။
အပေါ်က ဆေးရုံအသေးစားတွေ စုထားတဲ့ ဆေးရုံကြီးလည်း များသလို ပုဂ္ဂလိဂ ကိုယ်ပိုင်ဆေးရုံ အသေးစားလေးတွေလည်း နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။
ကုသပေးတဲ့ စနစ်ကတော့ ကြိုတင်ဘိုကင် စနစ်လည်း ရှိသလို ဆေးရုံဖွင့်ချိန်ကနေ ဦးသူလာစနစ်လည်း ရှိပါတယ်၊ ဆေးဝါး ကုသမှူ ခံပြီးမှ ကျသင့်ငွေရှင်းပြီး ဆေးရုံရဲ့အနီးဆုံးမှာ ဆေးဆိုင်ရှိပြီး ဆေးစာပြကာ ဆေးဝယ်နိုင်ပါတယ်။
ဆေးဆိုင်ဆိုတိုင်း ဆေးတိုင်းဝယ်လို့မရပါဘူး ဆရာဝန်ထောက်ခံစာလိုတဲ့ ဆေးတွေရှိပါတယ်ဗျ (ဥပမာ ကိုယ်ဝန်တားဆေးမျိုးပါ) ဆေးကုသစရိတ်က စျေးကြီးပေမယ့် ကျန်းမာရေး အာမခံဆောင်ထားရင် အတော်သက်သာတာမို့ မကြာမခံ ဖျားနာတတ်သူတွေအတွက်တော့ ကျန်းမာရေးအာမခံကို မဖြစ်မနေ ဆောင်ကျဖို့ တိုက်တွန်းလိုက်ပါရစေဗျ။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094

🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest