Your cart is currently empty!
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal-Edu ကနေပြီးတော့ ကိုရီးယားစာ သင်ကြားနေသူတွေအတွက် လေ့လာဖို့ YouTube Channel 8 ခုကို ရွေးချယ်ထားပါတယ်။ ဘယ် channel တွေ ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
1. Talk To Me In Korean
Talk To Me In Korean ကတော့ ကိုရီးယား ဘာသာစကား လေ့လာနေသူ beginner ကနေ advance level အထိ ကောင်းမွန်တဲ့ Youtube Channel တစ်ခုဖြစ်ပါတယ်။ Subscribers 1.6 သန်းကျော်နဲ့ ကိုရီးယားစွမ်းရည်တွေ တိုးတက်လာဖို့ ကူညီပေးမယ့် သင်ခန်းစာ ဗီဒီယိုပေါင်း 1700 ကျော်ကို လေ့လာနိုင်ပါတယ်။ သဒ္ဒါ၊ ဗန်းစကား၊ အီဒီယမ်၊ အသုံးများတဲ့ စကားလုံးတွေ၊ listening အတွက် သင်ခန်းစာတွေ၊ live streams နဲ့ study tips တွေကိုလဲ တင်ဆက် ပေးထားတာကြောင့် ကိုရီးယား ဘာသာစကားကို ကိုယ်တိုင် လေ့လာချင်သူတွေအတွက်လဲ အဆင်ပြေပါတယ်။
2. Prof. Yoon’s Korean Language Class
Subscribers 160k နဲ့ ဗီဒီယိုပေါင်း 800 ကျော်ရှိတဲ့ ပါမောက္ခ Yoon ရဲ့ စာသင်ခန်းပုံစံ သင်ကြားပေးတဲ့ Youtube Channel တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုတွေဟာ beginner ကနေ intermediate level အထိ သဒ္ဒါတွေကို သေချာသင်ကြားပေးပါတယ်။ ဝေါဟာရအလေ့အကျင့်တွေ၊ listening အတွက် နမူနာသင်ခန်းစာတွေ၊ ကိုရီးယားရိုးရာပုံပြင်တွေနဲ့ ကိုရီးယား ဘာသာစကားပြော ချက်ပြုတ်နည်း ဗီဒီယိုတွေပါ ကြည့်ရှုနိုင်ပါတယ်။ ကိုယ်က အခုမှ ကိုရီးယားစာ စလေ့လာတဲ့သူဆို နားလည်ဖို့ အခက်အခဲရှိရင်လဲ အင်္ဂလိပ်စာတန်းထိုး ဖွင့်ပြီး ကိုရီးယားစာ လေ့လာနိုင်ပါတယ်။
3. Korean Unnie
Sohyun Moon လို့ခေါ်တဲ့ ကိုရီးယားလူမျိုး အမျိုးသမီးက တင်ဆက်ပေးတဲ့ subscribers 1.2 သန်းနဲ့ ဗီဒီယို 400 ကျော်ရှိတဲ့ Korean Unnie channel ကလဲ ကိုရီးယားစာ လေ့လာသူတွေအတွက် channel ကောင်းတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုရီးယား ဘာသာစကားကို K-pop၊ Korean TV ရှိုးတွေ၊ ဘန်းစကားတွေ၊ စကားပုံတွေနဲ့ idiom တွေကနေတဆင့် သင်ကြားပေးသွားမှာဘဲ ဖြစ်ပါတယ်။ တရုတ်-ကိုရီးယားစကားလုံး (Hanja)၊ grammar patterns တွေ၊ လက်တွေ့အပြင်မှာ အသုံးများတဲ့ စကားလုံးတွေကိုလဲ လေ့လာနိုင်ပါတယ်။
Link – www.youtube.com/@KoreanUnnie
4. Minji Teaches Korean
Subscribers 200k ကျော်နဲ့ ဗီဒီယို 250 နီးပါးရှိတဲ့ Minji လို့ခေါ်တဲ့ ကိုရီးယားမိန်းကလေး တင်ဆက်တဲ့ ဒီ channel ဟာ ကိုရီးယားဘာသာစကားကို အခုမှ စတင်လေ့လာနေသူတွေအတွက် ရွှေတွင်းတစ်ခုဖြစ်ပါတယ်။ Minji ရဲ့ ဗီဒီယိုတွေဟာ တင်ဆင်ပြသတာ ကောင်းတဲ့အပြင် သတင်းအချက်အလက် စုံစုံလင်လင် ပေးရုံသာမက လိုက်ပါလေ့ကျင့်ဖို့လဲ လွယ်ကူပါတယ်။ မရှိမဖြစ် အသုံးပြုတဲ့ ကိုရီးယားစကားစုတွေကနေ ကိုရီးယားအသံထွက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောလာနိုင်တဲ့အထိ ဒီ channel မှာ လေ့လာနိုင်ပါတယ်။ သူမရဲ့ Korean Study Hacks playlist မှာဆိုရင်လဲ listening နဲ့ speaking ကို မြှင့်တင်ဖို့အတွက် အကြံဉာဏ်တွေ ပေးထားတဲ့အပြင် စကားလုံးတွေကို အလွတ်ကျက်ရ လွယ်ကူမယ့် tips လဲ ပေးပါတယ်။
ကျန်နေသေးတဲ့ channel 4 ခုကို နောက်တပတ် ကျွန်တော်တို့ MyanGoal-Edu ကနေဘဲ တင်ဆက်သွားမှာမလို့ စောင့်မျှော်နေကြပါနော်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်







Leave a Reply
You must be logged in to post a comment.