Best Korean Skincare Brands

ကိုရီးယား skincare products တွေဟာ မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ လူကြိုက်များ ရေပန်းစားပြီး လူငယ်တွေကြားမှာဆိုလဲ ကိုရီးယားပစ္စည်းတွေ မသုံးဖူးရင် ခေတ်မမှီတော့ဘူးထင်ရလောက်အောင် လွှမ်းမိုးမှုရှိပါတယ်။ ဒီတော့ ခေတ်နောက်မကျအောင် brands တွေ အများကြီးရှိတဲ့ထဲက သုံးကြည့်သင့်တဲ့ brand တချို့ကို ပြောပြပေးလိုက်ပါတယ်။

1.Round Lab
Round Lab မှာရှိတဲ့ products တိုင်းကို ကိုရီးယားကျွန်းဆွယ်ရှိ သဘာဝအရင်းအမြစ်များမှ ရရှိတဲ့ ဒေသထွက်ပစ္စည်းများကို အသုံးပြုထားပါတယ်။ ဒီတံဆိပ်ရဲ့ အရောင်းရဆုံး 1025 Dokdo စီးရီးဆိုရင်လဲ Ulleungdo နှင့် Dokdo ကျွန်းများမှ သတ္တုဓာတ်ကြွယ်ဝတဲ့ ပင်လယ်ရေဖြင့် ဖော်စပ်ထားပြီး Birch Moisturizing Cream ဆိုရင် Inje ခရိုင်မှ အစိုဓာတ် ကြွယ်ဝစွာပါ၀င်တဲ့ ငွေရောင်သစ်စပျစ်ရည်ဖြင့် ပြုလုပ်ထားတဲ့အတွက် products အားလုံးဟာ အာဟာရနှင့် သဘာဝသတ္တုဓာတ်များ ကြွယ်ဝစွာပါ၀င်ပါတယ်။

2. Sulwhasoo
တည်ထောင်ခဲ့တာ နှစ်ပေါင်း 50 ကျော်ကြာပြီဖြစ်တဲ့ Sulwhasoo ဟာ အမွေအနှစ်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံရှိ အာဂျီးမား အန်တီကြီးတွေ ခေတ်ကထဲက သဘောကျခဲ့ကျတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒီတံဆိပ်ကတော့ အသားအရေကို တောက်ပလာစေဖို့ အစိုဓာတ်ထိန်းကို အားကောင်းစေဖို့ကို ဂျင်ဆင်းကို အဓိကထား အသုံးပြုထားပါတယ်။

3. Mediheal
ထိပ်တန်း အရေပြားအထူးကုဆရာဝန်များနှင့် အလှပြင်ပညာရှင်အဖွဲ့ကနေပြီးတော့ တီထွင်ထားတဲ့ Mediheal သည် တောင်ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် sheet mask အမှတ်တံဆိပ်ဖြစ်ပြီး သူတို့ရဲ့ ထိရောက်မှု၊ စျေးနှုန်းသက်သာမှုနှင့် မတူညီတဲ့ skin type တွေအတွက် ပုံစံအမျိုးမျိုး ရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်မယ့် mask ရွေးချယ်နိုင်မှာဘဲ ဖြစ်ပါတယ်။

4. d’Alba
d’Alba ဟာ နာမည်ကြောင့် ဥရောပအမှတ်တံဆိပ်တစ်ခုလို့ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ ကိုရီးယား အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ အဓိကပါဝင်ပစ္စည်းကို အီတလီနိုင်ငံ၊ Piedmont မှ ထုတ်ယူထားတဲ့ အဖြူရောင် truffles(မှိုတမျိုး) အသုံးပြုထားတာဖြစ်ပါတယ်။ ဒီ truffles တွေဟာအလွန်ရှားပါးပြီး အသားအရေကို အစိုဓာတ်ဖြည့်ပေးတဲ့ antioxidants၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါ၀င်ပါ။ d’Alba ရဲ့ First Spray Serum ဟာ Amazon ၏ နံပါတ်တစ် Spray Serum အဖြစ် လက်ရှိ သတ်မှတ်ခံထားရပြီး နာမည်ကြီး မိတ်ကပ်ပညာရှင်တွေလဲ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။

5. Illiyoon
ကလေးကအစ လူကြီးအထိ လူတိုင်းသုံးနိုင်တဲ့ မိသားစုနဲ့လိုက်ဖက်တဲ့ skincare တံဆိပ်ကို ရှာဖွေနေရင်တော့ Illiyoon ကတော့ သုံးလို့ကောင်းတဲ့ထဲပါပါတယ်။ အရေပြားအထူးကုဆရာဝန် စမ်းသပ်စစ်ဆေးပြီး အနူးညံ့ဆုံးအသားအရည်အတွက်ကို အနက်ရောင်ပဲစေ့တွေက ရရှိတဲ့ ceramides တွေကို အသုံးပြုထားပြီး အစိုဓာတ်ကို မြှင့်တင်ပေးနိုင်ရန် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping

🏢 Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
☎️ 010-2497-1478
⏰ 10:00am to 8:00pm


Latest