ကိုရီးယားနိုင်ငံရဲ့ D-10 ဗီဇာအကြောင်း

ဘွဲ့ရ ကျောင်းသူ/ ကျောင်းသားတွေနဲ့ အလုပ်ရပြီးသား ကျောင်းသူ/ ကျောင်းသားတွေ အလုပ်က အဆင်မပြေလို့ ထွက်တဲ့အခါမျိုးဖြစ်ဖြစ်၊ E-7-1 ရပြီးမှ အလုပ်ပြန်ရှာရတဲ့အခါ ပြန်လည်ပြောင်းလဲ နေထိုင်နိုင်တဲ့ အလုပ်ရှာစဉ်ပေးထားတဲ့ D-10 ဗီဇာအကြောင်း ပြောပြပေးသွားပါ့မယ်ဗျ။

ကျနော်တို့ ကျောင်းသူ/ ကျောင်းသားတွေ ဘွဲ့ရပြီးတဲ့အခါ ကိုရီးယားလို 구직 လို့ ခေါ်တဲ့ Job search ဗီဇာ ရှိပါတယ်။ တခါပေးရင် ၆လ သက်တမ်းရှိပြီး ၂နှစ်အထိ နေထိုင်ခွင့်ရပါတယ်။ ၂နှစ်ထက်တော့ ပိုမရပါဘူးဗျ၊ ကျောင်းသူ/ ကျောင်းသားတစ်ယောက်အတွက်ဆို ၂နှစ်စာသက်တမ်း အလုပ်ရှာခွင့်ပေးတယ်ပေါ့လေ။

ဒီနေရာမှာ ကွာခြားသွားတာက ၆လနဲ့ အလုပ်ရလို့ တခြား ဗီဇာတွေ ပြောင်းသွားတယ်ဆိုပါစို့ (ဥပမာ E-7-1 ဗီဇာဆိုရင် မိမိရတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့အလုပ်ကို ရှာနိုင်တဲ့အခါမျိုးမှာ Professional အလုပ်သမားအနေနဲ့ပေးတဲ့ ဗီဇာ ဖြစ်ပြီး ဒီအလုပ်မှာပဲ ဆက်လုပ်နေမှ ဗီဇာက ရနေမှာဖြစ်တဲ့အတွက် အလုပ်မှာ အဆင်မပြေလို့ ထွက်တဲ့အခါမျိုးဖြစ်ဖြစ် ရထားတဲ့ ဗီဇာပါ မရှိတော့တာမို့ ဒီလိုအချိန်မျိုးမှာ D-10 ကို ပြန်လည် ပြောင်းနေနိုင်ပြီး အလုပ်ထပ်ရှာလို့ ရပါတယ်)

အရင်က ၆လသုံးထားရင် နောက်ထပ် ၆လ ၃ခါ တနှစ်ခွဲထိ နေထိုင် သက်တမ်းတိုးနိုင်ပါတယ်။ အရင်က ၁နှစ်နေခဲ့ရင် နောက်ထပ် ၁နှစ်နေနိုင်ပါတယ်။ ဒီတော့ အကြံပေးချင်တာက အလုပ်ရှာတဲ့အခါ သေချာလေး အချိန်ပေးဖို့ အကြံပြုချင်ပါတယ်။

D-10 ကနေရော ကျောင်းပြန်တက်လို့ မရဘူးလား? ဆိုသူတွေအတွက် အဖြေက ဟုတ်ကဲ့ ရပါတယ်ဗျ။ ကျောင်းဆက်တက်ဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ကတော့ ဘွဲ့ရပြီးနဲ့ မရခင်မှာ မာစတာ ဆက်တက်ဖို့ပဲ ပြင်ဆင်စေချင်ပါတယ် D-10 ပြီးမှ တခါကျောင်းပြန်တက်ဆို အလုပ်ပိုစေတာမို့ပါ။ ဒီလောက်ဆို D-10 ဗီဇာ အကြောင်း ကျောင်းသူ/ ကျောင်းသားတွေအားလုံး အဆင်ပြေ နားလည်မယ်လို့ မျှော်လင့်ပါတယ်ဗျ။ ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest